Saturday, December 25, 2021

# ဝိဉာဉ် ဖြစ်ရပ်မှန် ( စ / ဆုံး )

 # ဝိဉာဉ်

ဖြစ်ရပ်မှန် ( စ / ဆုံး )

စာရေးသူ ** လေသွေးညို

************************



ပဲခူးမြို့စက်မှုဇုံရှိ နိူင်ငံခြားပို့ကုန်ထုတ်လုပ်သောစက်ရုံကြီးတစ်ရုံတွင် 


ဒေါ်တင်မေတစ်ယောက်သန့်ရှင်းရေးဝန်ထမ်းအဖြစ်ဝင်ရောက် လုပ်ကိုင်နေသည်မှာ၁၀နှစ်ဝန်းကျင်ပင်ရှိတော့မည်။


ဒေါ်တင်မေက စကားပြောလျှင် ကျယ်ကျယ်လောင်လောင်ပြောဆိုတတ်သော ရိုးသားသည့်ကရင်တိုင်းရင်းသူတစ်ဦးမျှသာ


သူ့တွင်မောင်တိုးဆိုသော သားအငယ်ဆုံးလေးကိုလည်းသူ့အလုပ်ထဲတွင်ထည့်ထားသည်။


တစ်နေ့စာရေးသူက ဒေါ်တင်မေအား

" အဒေါ်ကြီး သားလေးလဲ ၁၈ နှစ်ပြည့်ပြီပဲ ပါမစ်နစ် ဝန်ထမ်းထဲထည့်မလား သူ့ခဗျာရွယ်တူတွေကြားမှာ သန့်ရှင်းရေးဆိုတော့ရှက်ရှာမှာပေါ့ "


" ဝမ်းသာလိုက်တာ ဆရာရယ် ကျွန်မတို့ကိုကူညီပေးပါရှင် "


ဒါနဲ့စာရေးသူလဲ မန်နေဂျာနဲ့တိုင်ပင်ပီး ပါမစ်နစ်ဝန်ထမ်းအဖြစ်ခန့်ပေးထားလိုက်တယ်။ကလေးကအေးဆေးပါတယ် အလုပ်လည်းခိုင်းတဲ့အတိုင်းလုပ်တယ် တစ်ခါတစ်ခါ ငူငူငိုင်ငိုင်နဲ့တော့ဖြစ်တတ်တယ် ထားပါတော့လေ

ဒေါ်တင်မေကသူအလုပ်လုပ်တဲ့နေရာကနေ 

နေ့တိုင်းသူ့သားကိုလာချောင်းချောင်းကြည့်တယ်ဗျ အရမ်းချစ်ရှာတာ

ဖုန်းဝယ်ပေးပါဆို ချက်ချင်း Gate pass နဲ့ထွက်ပီးသွားဝယ်ပေးတယ် အဲ့လိုမျိုး


ဒီလိုနဲ့ ဒေါ်တင်မေတစ်ယောက်အလုပ်တွေခဏ ခဏပျက်လာပြီ

ကျန်းမာရေးမကောင်းလို့တဲ့ ဆီးချို သွေးချိုဆိုလားပဲ


29.12.2016 ည ၁း၀၀ ဝန်းကျင် ဒေါ်တင်မေတစ်ယောက်အမောဖောက်လေပြီ သူ့သားငယ်လေးက ယောက္ဖတွေကိုနှိုးပီး သွားခေါ်

ပြန်လာတော့ ဒေါ်တင်မေက သောက်ရေအိုးကြီးကိုဖက်ပြီး


" အမေ့ကိုဆေးခန်းပို့ပေးပါ အမေမနေနိူင်တော့ဘူး သားတို့ရယ် "


 " အခုပို့ပေးမယ်အမေ စိတ်မပူနဲ့နော် "

ကားနဲ့တင် အသက်ကယ်ဆေးကိုဆေးခန်းကထိုးပေးလိုက်တယ်

ဆေးရုံသွားကြပါတဲ့


ဆေးရုံကိုလူနာတင်ယာဉ်ခေါ်ပ်ီးအသွား တိုးဂိတ်ကျော်တော့

ဒေါ်တင်မေတစ်ယောက် လောကကြီးကိုနှုတ်ဆက်သွားရှာလေပြီ။

အိမ်ပြန်သယ်လာကြ အသင်းကိုအကြောင်းကြား


 အဲ့ကအသင်းမှာက အဲကွန်းခေါင်းမအားလို့ တစ်ခြားမြို့ကအသင်မှာလှမ်းငှားတော့ နယ်ကျော်မို့ ငါးသောင်းခွဲပေးရမယ်တဲ့ 

လက်ထဲမှာပိုက်ဆံကလဲမရှိ ညတွင်းချင်း ပိုက်ဆံငါးသောင်းသွားချေးရတယ်။


စာရေးသူမနက်အလုပ်ဆင်းတော့ ကောင်လေးတွေရောက်လာပြီး

ခွင့်လာတင်တယ် အမေသေပြီတဲ့ 


" ဘာလိုသေးလဲ ညီလေး "


" ရတယ်အစ်ကိုကြီး " 


ပြန်သွားကြတယ် အလုပ်ထဲရောက်တော့အကျိုးအကြောင်း

ကျွန်တော့ကိုဝိုင်းရှင်းပြကြတော့ 


 " ကဲ ဒါဆိုလဲ ငါတို့ section ကအလှူခံကြကွာ "ဆိုတော့ ၇သောင်းလောက်ရတယ် ဒါနဲ့စက်ရုံအသင်းက ၁သိန်းခွဲ ပေါင်း ၂သိန်း၂သောင်း၊ဒေါ်တင်မေအလုပ်လုပ်တဲ့ sectionက ၄သိန်းကျော် တစ်ခြားတစ်ခြားဝန်ထမ်းတွေစုပေါင်းလိုက်တာ အားလုံးပေါင် ၁၀ သိန်းလောက်ရတယ်


အဆင်ပြေပြီသူ့နာရေးလေး

မြေကျမဲ့နေ့ လုံခြုံရေးခေါင်းဆောင်ရောက်လာပီး


" ကိုလေသွေးညို မန်နေဂျာက ဆရာ့ကို ဒေါ်တင်မေအတွက် အမိန့်ပြန်ပေးပါတဲ့ လစာထုတ်ရက်ဆိုတော့သူမအားလို့ပါတဲ့ "

" အေးလေ သွားရမှာပေါ့ "


" အမိန့်မပြန်လို့မရဘူး ခြောက်တယ်ဆရာ "


" ဟေ ဘယ်မှာခြောက်တာတုန်းဟ "

"  

" နေ့လည်ကသူနဲ့ထမင်းစားတဲ့ လုံခြုံရေးကောင်မလေးကို နောက်ကနေ ဇက်ပိုးအုပ်လိုက်တယ်ဗျ လှည့်ကြည့်တော့ဘယ်သူမှမရှိဘူး"


" ပြန်တော့လဲ လုံခြုံရေးခေါင်းဆောင်အမျိုးသမီးကို 


သူစနေကြအတိုင်း ဖင်ကိုဆိတ်သွားတယ်ဆရာ "

" ဟုတ်လားဟ ငါသွားလိုက်ပါ့မယ် "


နာရေးအိမ်ရောက် သုဿန်ကိုလိုက်ပို့ ကားပေါ်ကအခေါင်းချတော့

အခေါင်းအဖုံးက ကန်ပီးပွင့်သွားတယ်


အခေါင်းဖုံးလဲဖွင့်ရော တော်တော်ပုတ်နေပြီ အဲကွန်းခေါင်းထဲထည့်ထားတာဘာလို့ပုပ်တာလဲ


" ညက မီးပျက်တော့ အဲကွန်းလဲမလာတော့ဘူးဆရာ

မီးပြန်လာတော့လဲမလုပ်တတ်တာနဲ့ မီးကမဝင်ဘူး "

" အထဲမှာလှောင်သွားတာထင်တယ် "


မထူးပါဘူးလေ 

သူကစာမတတ်တော့ ဒီတိုင်းလဲမထည့်ပေးချင်

ဖွင့်ဖောက်ပီး အမိန့်ပြန်ပေးလိုက်တယ်


အဲ့နေ့ညက ဒေါ်တင်မေအလုပ်လုပ်တဲ့section မှာတာဝန်ကျတဲ့အဘကိုတွန်းလှည်းကြီးတွန်းပြတယ်

အဘကစစ်သားလူထွက် မကြောက်ဘူး


" ဟဲ့ မတင်မေ ဒါအလုပ်ချိန်မဟုတ်တော့ဘူး သွားအိမ်ပြန်တော့ဆိုတော့ လှည်းကြီးကရပ်သွားတယ်


ပြဿနာကနောက်နေ့မှာ စတာပဲ


မနက် ၁၀း၀၀ အိမ်သာသန့်ရှင်းရေးလုပ်ချိန်

အရင်က ၃ယောက်လုပ်တယ် အခုတော့ ၂ယောက်ထဲ


အုမ်းးဒုန်းးးးး

ဝုန်းးး


 "အမလေးးး " 

ကောင်မလေးတွေထွက်ပြေးကြဘီ

ဒေါ်တင်မေကြီးအလုပ်ဝင်နေတာကိုးးးး


မိန်းကလေးအိမ်သာဆိုတော့ မိန်းကလေးအသုံးဆောင်တွေထဲ့ထားတဲ့သံပုံးကိုဘယ်သူမှလက်နဲ့မကိုင်ကြဘူးလေ

ခြေထောက်နဲ့ပဲ ကန်ကြတာ ခုလဲသံပုံးကိုကန်တာလေ 


ဒေါ်တင်မေပေါ့ သူကတော့သိမယ်တောင်မထင်ဘူး ခလေးမလေးတွေအလုပ်ထဲက ဘယ်သူမှအိမ်သာမသွားရဲကြတော့ဘူး


ဒါနဲ့စက်တန်း All super က 


" ကိုလေသွေးရယ် ကူညီပေးပါ "


" သူ့အိပ်တဲ့ စက္ကူပြားလေးပဲ ဖြစ်ဖြစ် သူ့အိမ်ကိုခေါ်သွားပေးပါနော်


 " အမလေးဗျာ " 


" အေးအေး ပို့ပေးမယ် "

ခေါ်သွားပေးလိုက်တယ် လိုက်လာ မလာတော့မသိဘူး


နောက်နေ့ရက်လည်ပြီးထဲကအလုပ်ထဲအသံမကြားရတော့ဘူး

ကျွတ်လွတ်သွားပြီထင်ပါရဲ့ဗျာ


 © © © © © ပြီးပါပြီ © © © ©

Friday, December 24, 2021

သရဲမွေး မိသူ မိခင် ရဲ့ ဘဝ ဇာတ်ဆုံ

 သရဲမွေး မိသူ မိခင် ရဲ့ ဘဝ ဇာတ်ဆုံး ( ဖြစ်ရပ်မှန် )

ကဲ… သား ရေ…လာစားလှည့်တော့… ဒီမှာ သား ဖို့ အမဲသားတစ်ဆွဲ.. အေ မ၀ယ်လာတယ်ပြောပြောဆိုဆို သူမ လက်ထဲက အမဲသား ဆွဲကို သစ်ပင် ခြေရင်းအောက် ချလိုက်သည်။



ပြီးတော့ ဘေးဘီ တစ်ချက်ဝှေ့ကြည့်လိုက်သည်။ သေချာသည်။ ဘယ်သူမှ ရှိမနေ..။တစ်အောင့်အကြာမှာ သစ်ပင် ထက်မှ အရိပ်မဲတစ်ခု အောက်ကိုထိုးဆင်းလာသည်။


အပုပ်နံ့နှင့်အတူ ဆိုးရွားလှသော အနံ့ပေါင်းစုံ နှာခေါင်းထဲ အလုအယက် တိုး၀င်လာသည်။ထိုအရိပ်မဲမှ ထိုးထွက်လာသော အမွှေးအမျှင်များ နှင့် ရှည်လျားသော လက်တစ်စုံမှာ အမဲသား ဆွဲကို သစ်ပင်ထက်သို့ ဆွဲယူသွားခဲ့လေတော့သည်။


သူမမှာတော့… ထို မြင်ကွင်း ကို ပီတိဖြစ်စွာ.. ငေးကြည့်လျက်မနက်ဖြန်ဆို သူမ၏ တစ်ဦးတည်းသော သား၊ အသုဘချမည့်နေ့ဖြစ်သည်။ သူမ ထိုနေ့ကို ဘယ်လိုဖြတ်သန်း ရမှန်းမသိ..။


ဖတဆိုးသားလေးမို့ အချစ်တွေ အကုန်ပေးအပ်ပြီး အလိုလိုက်ချစ်ခဲ့သော်လည်း ကံကြမ္မာ က သူတို့ သားအမိကို ရက်ရက်စက်စက်ခွဲခဲ့လေပြီ..။သူမသားကို နောက်ဆုံးတွေ့လိုက်ရတဲ့ အချိန်က ချောင်းထဲမှာ ရေသွားကူး မည်ဆိုပြီး ပျော်ရွှင်စွာ ထွက်သွားခဲ့ခြင်းဖြစ်သည်။


ဒါပေမယ့် အိမ်ကို တော့ သားလေးရဲ့ ရေစိုဖောင်းကားနေတဲ့ ခန္ဓာကိုယ် သာ ပြန်ရောက်လာခဲ့သည်။ အသက် ပြန် ပါမလာခဲ့တော့..။သူမ သားလေး ကိုချစ်သည်။ သားလေးသည် သူမရဲ့ တစ်ခုတည်းသော မျှော်လင့် ချက်ဖြစ်သည်။


သူမ သားလေးကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံး မခံနိုင်။ သူမ အလွန်ကြောက်မက်ဖွယ် ကောင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။


သူမ ခပ်မြန်မြန်ပဲ အိမ် နောက်ရှိ သစ်ပင်ကြီးအောက်မှာ တွင်းတစ်တွင်း အမြန်တူးလိုက်သည်။ထို့နောက် ဘယ်သူမှ မရိပ်မိခင် အခေါင်းထဲမှ သားအလောင်းကို ထုတ်ပြီး အခေါင်းထဲတွင် စောင်တွေ ခေါင်းအုံးတွင် ထည့်ထားလိုက်သည်။


 


သား အလောင်း ကိုတော့ သူမ ကျွင်းတူးထားတဲ့ အိမ်နောက်က သစ်ပင်ကြီး ရှိရာသို့ မချီသွားခဲ့ကာ ထိုကျွင်းထဲတွင် မြှပ်လိုက်သည်။


သူမ ကျေနပ်စွာ တစ်ချက်ပြုံးလိုက်သည်။ည ၁၂း၀၀…၊ တစ်လောကလုံး မှောင်မည်းတိတ်ဆိတ်နေသည်။


သူမ အိပ်ယာထဲမှ ရုတ်တရက် ထထိုင်လိုက်သည်။ သူမ ချက်ချင်းပဲ အိမ်ပြင်ကို ထွက်လိုက်သည်။သူမရဲ့ ဦးတည်ရာကား သားလေး ကို မြှပ်ထားတဲ့ အိမ်နောက်မှ သစ်ပင်ကြီး။


သားလေး ဒီအချိန်ဆို တစ်ယောက်တည်း ပျင်းနေလောက်ပြီ.။ သူမ သားလေးနဲ့သွားတွေ့မည်။သူမ နဲ့ သားလေး စကားတွေ တဝြကီး ပြောကြမည်။


သားလေး”


တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်မှောင်မည်းနေပြီး တိရစ္ဆာန်အချို့၏ အော်သံကိုပင် မကြားရ လောက်အောင် တိတ်ဆိတ်နေသည်။


သားလေး..၊ မေမေပါ…၊ မေမေတို့ စကားပြောရအောင်လေကွယ်သားလေး…၊ လာပါကွယ်…၊ မေမေ့ကို သနားပါအုံး..၊ မေမေ့ကို ဆင်းတွေ့ပါအုံး သားလေးရယ်


 


သစ်ပင်ပေါ်မှ အရွက်တစ်ချို့ လှုပ်ခါသွားကြသည်။ဆိုးဝါးလှတဲ့ အပုပ်နံ့နဲ့အတူ မီးခိုးလား လူလား မကွဲပြားသော တစ်စုံတစ်ခု သစ်ပင်မှ လျောဆင်းလာသည်။


သစ်ပင်အောက်ရောက်မှ သူမ သေချာ ကြည့်မိသည်။ထိုအရာသည် သူမ၏ ချစ်လှစွာသောသား တစ်ဖြစ်လဲ သူမ ကိုယ်တိုင် ဖန်ဆင်းလိုက်သော သရဲတစ်ကောင် ဖြစ်နေလေတော့သည်။


ယခင်က ချစ်စရာကောင်းလှသော သူမ ၏သားသည် မျက်နှာ တစ်ခုလုံး ရေများဖြင့် ဖောရောင်နေပြီး အပြာရောင်သန်းနေသည်။


ခေါင်းပေါ်မှာ ရှိသော ဆံပင် များကလည်း ရေတွေ စိုရွှဲနေသည်။


ဘောလုံး တစ်လုံးပိုက်ထားသကဲ့သို့ ရေများကြောင့် ဗိုက်ပူလျက်ရှိပြီး ခန္ဓာကိုယ်ရှိ အချို့နေရာများတွင် အရေခွံ များ ပြဲလှန်ထွက်နေကာ အသားအရောင် မှာလည်း ဖြူဖတ် ဖြူရော် ဖြစ်နေလေသည်။


သူမ သား၏ ရုပ်ကို သူမ အတော်ပြန်ဖမ်းယူရသည်။ ကိစ္စတော့ မရှိ။ သူမ ဒီကိစ္စကို ကြိုတင် မျှော်လင့်ထားပြီးဖြစ် သည်။


သူမ ၀မ်းသာစွာ ပြုံးလိုက်သည်။ သူမ ရည်ရွယ်ထားတာ အထမြောက်သွားပြီ။


သူမနဲ့ သားလေး မခွဲရတော့ဘူး..။ ကဲ..ဘာတတ်နိုင်သေးလဲ..။သူမ မသေသေးသရွှေ့ ဒီလိုမျိုး သားလေး ကို နေ့တိုင်း အစာကျွေးမယ်..၊ စကားပြောမယ်..။


သားလေး…၊ မေမေ..နဲ့ သားလေး မခွဲရအောင် …မေမေ စီစဉ်ထားတာလေ… မကောင်းဘူးလား.ကျွန်တော့်ကို သွားခွင့်ပေးပါမေမေ..၊ ကျွန်တော် ဒီလိုဘ၀နဲ့ မနေချင်ဘူး..”


မသွားပါနဲ့ သားရယ်..၊ မေမေ့ကို တစ်ယောက်တည်း ထားခဲ့မလို့လား..”ကျွန်တော် ဒီလိုဘ၀နဲ့ မနေရပါစေနဲ့၊ ဒီလိုဘ၀မှာ ကျွန်တော်ခန္ဓာကိုယ်ဟာ စက္ကန့်တိုင်း ဝေဒနာတွေ အပြင်းအထန် ခံစားရပါတယ်..၊ သားကို သွားခွင့်ပြုပါ…”


သားကို မေမေ မခွဲနိုင်ဘူး…၊ အဲ့ဒီတော့..၊ မေမေ သွားခွင့်မပြုနိုင်ဘူးသား..”


သားကို သွားခွင့်ပြုပါ…”မနက်ဖြန် ဒီလိုအချိန် အမေ အစာ လာကျွေးမယ်..”သူမ လှည့်ထွက်လာခဲ့သည်။ သူမထံမှ ထွက်သွားဖို့တောင်းဆိုနေသည့် သား အသံကို သူမ နားမထောင်ချင်တော့…။


အရာအားလုံးသည် နဂိုအခြေအနေအတိုင်း ပြန်လည် တိတ်ဆိတ်ငြိမ်သက် သွားခဲ့သည်။အချိန်ကာလတို့သည် တစ်ခုပြီးတစ်ခု အစီအစဉ်တကျ ကျော်ဖြတ်လာခဲ့သလို သူမ၏ အိမ်နောက်ဖေး မှ သစ်ပင်သည်လည်း အတော်အတန်ပင် ကြီးထွားလာပြီး ၄င်း၏ အကိုင်းအခက်များမှာ လမ်းပေါ်သို့ ပင် အုပ်ဆိုင်းလျက်ရှိနေတော့သည်။


သူမ လုပ်နေကျ ၀တ္တရားအတိုင်း ၁၂း၀၀ ထိုးသည်နဲ့ အမဲသားဆွဲကို ဆွဲပြီး သစ်ပင်ကြီးဆီသို့ ထွက်ခဲ့ သည်။ထို့နောက် သစ်ပင်ခြေရင်းတွင် အမဲသားထုပ်ကို ချထားလိုက်သည်။


တအောင့်အကြာ လေပြင်းတွေ တဝှီးဝှီးတိုက်ခတ်လာသည်။သူမ ပတ်၀န်းကျင် တစ်ခုလုံး တိမ်မည်းများ ဖုံးအုပ်သွားသလို ခံစားရသည်။


 


သူမ ပြုံးလိုက်သည်။ သြော်.. သူမ သားလေးတောင်မှ အတော် အကောင်ကြီးလာ နေပြီပဲလေ…။မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ မျက်စိရှေ့မှ အမဲသားဆွဲ ပျောက်သွားခဲ့သည်။


သို့သော် ယခင်လို တိမ်မည်း များ မပျောက်သွား..။


လေပြင်းများ ပိုမို တိုက်လာသလို… တိမ်မည်း တို့သည်လည်း ပိုမိုများပြားလာသည်ဟုထင်မိသည်။


တစ်ခုခုတော့ မှားနေ ပြီထင်သည်။ ယခင်ကဆို အမဲသားထုပ်ယူ ပြီး သည်နှင့် သားလေး အပင်ပေါ် ပြန်တက်သွားနေကြ..။


ဒီနေ့ သူဘာကို စိတ်အလိုမကျသည် မသိ..။


သား ရေ…..သား…”


လေပြင်းများ ပိုမိုတိုက်ခတ်လာသလို တိမ်မဲများကြောင့် သူမ ပတ်၀န်းကျင် တစ်ခုလည်း မှောင်မည်း သွားသလို သူမသည်လည်း မီးမရှိတဲ့ အလုံပိတ် အခန်းထဲ ရောက်နေသလို ခံစားလာရသည်။


သူမ ကြောက်စိတ်၀င်လေပြီ..။ သူမကို သား ရန်ပြုတော့မည်။အချိန်လွန်မှ ရတဲ့နောင်တတို့ ခေါင်းထဲ ရောက်လာချိန် နောက်ကျသွားခဲ့လေပြီ..။


သူမ ထွက်ပြေးဖို့ကြိုးစားလိုက်သည်။ အိပ်မက်ထဲမှာ ပြေးနေရသလို ပြေးရတာ အားမပါလှပဲ ဒီ တိမ်တိုက်မဲထဲကနေ မထွက်နိုင်ဖြစ်နေသည်။


ထိုစဉ် တိမ်တိုက်မဲ တစ်နေရာမှ ကြောက်မက်ဖွယ်အသွင်ဆောင်နေသော သား ရဲ့ မျက်နှာ ကို မြင်တွေ့လိုက် ရသည်။


သူမအော်ဖို့ကြိုးစားသော်လည်း အသံမှာ လည်ပင်း၀တွင်သာ ပျောက်သွားခဲ့သည်။ချွန်ထက် နေသော သွား များ စီတန်းနေသော သား၏ပါးစပ်မှာ တဖြည်းဖြည်းကျယ်လာခဲ့ပြီး သူမခန္ဓာကိုယ်ကို ဝါးမြိုရန် တစ်ဖြည်းဖြည်း အုံ့မိုးလာခဲ့တော့သည်။


သူမ စိတ်လျော့လိုက်သည်။ ဒီကိစ္စတို့သည် သူမကြောင့် ဖြစ်လာရသည်ပဲလေ..။သူမ မျက်လုံး မှိတ်ထားလိုက်တော့သည်။


 


နောက်တစ်နေ့နံနက်…၊ ခြံနောက်က သစ်ပင်ကြီးအောက်တွင် ကြောက်ရွှံ့ထိတ်လန့်စွာ မျက်လုံးပြူးပြီး အသက်ကင်းမဲ့နေသော သူမခန္ဓာကိုယ်ကို လူအများ ထူးဆန်းအံ့သြစွာ ဝုိင်းအုံ ကြည့်နေကြလေတော့သည်။


မှတ်ချက် – ဖြစ်ရပ်မှန် တစ်ခုအား ဇာတ်လမ်းဆင်ကာ ရေးသားပါသည်။


credit – Myanmar Post

Thursday, December 23, 2021

``အမဲသားစားချင်၍လိုက်လာသူ´´

 ``အမဲသားစားချင်၍လိုက်လာသူ´´

( စ\ဆုံး)



``ဗျို့...တင်မောင်....

တင်မောင်ရေ....´´


ခြံပေါက်ဝက..အသံတစ်ခုကြောင့်..တင်မောင်

ခေါ် အမျိုးသားအိမ်ထဲကနေ..ထွက်လာပြီး ...

``ဟာ..ကိုသာအေး..လာလေဗျာ..

ခင်ဗျားကလည်း.သူစိမ်းကြနေတာပါ.....´´

!

``မဝင်တော့ဘူး တင်မောင်ရေ...

အိမ်မှာ.အလုပ်ကိစ္စကလဲ ရှိနေသေးတော့..မဝင်ဖြစ်တော့..ဘူး.ကွ...

ဒါနဲ့.လာရင်းကိစ္စ ကတော့..ငါ အိမ်က..နွားမကြီး

သေသွားလို့..မင်းရွာထဲသို့.လိုက်ရောင်းပေးအုန်း

ကြ....


ကိုသာအေးစကားကြောင့်..

တင်မောင်မျက်နှာဝင်းကတည်းဖြစ်သွားလေသည်......

..သူလည်း ဒီရက်ပိုင်း..

အလုပ်က.မရှိဘူးဖြစ်နေတယ်မဟုတ်လား.....

အိမ်ကမိန်းမက်ိုလဲ အရမ်းအားနာနေမိပြီးလေ.

ဒီလိုက်ိစ္စမျိုးဆိုတာလက်လွှတ်ခံလို့ဘယ်ဖြစ်မလဲ.


ok ,ကိုသာအေးရေ....ခဏနေ.. ကျွန်ပ်လာခဲ့မယ်ဗျအိမ်ကပဲစောင့်နေလိုက်....


``အေးအေး..´´

ပြောပြောဆိုဆိုနဲ့..ကိုသာအေးလဲ...ပြန်သွားလေသည်၊


ကျွန်ပ်လည်း.မိန်းမအရံသင့်ထာထားတဲ့.

ထမင်းကြော်နှင့်ပဲပြုတ်..အစားခံစားပြီး.....

အမဲဖြတ်ဖို့အတွက်...ဓားကိုထက်နေအောင်သွေ.

ပြီး..ကိုသာအေး..အိမ်သို့ထွက်လာခဲ့လေသည်၊

သူ့အိမ်ရောက်....ကိုသာအေးက..က.လိုလေသေးမရှိအောင်ဆောင်ရွက်ပေးနေမိတော့သည်၊ 

ကျွန်ပ်လဲ.နွားမကြီးအားဖွေးနေအောင်ရေဆေးပြီး....အရေခွံစုတ်ကာ..အသားသက်သက်၊.အရိုးသက်သက်၊.အတိုစ.သက်သက်..စနစ်တကျခွဲကာ.....ရွာထဲသို့လိုက်လံရောင်းချနေမိတော့သည်၊

ကျွန်ပ်အမဲသားရောင်းတဲ့နေဆို..ရွာထဲလူတွေ

အလုအယက် ဝယ်ကြလေတော့သည်၊


``ဟဲ့..တင်မောင်....အရိုးလေးပိုထည့်ပေးအုန်း.´´


``အရိုးတင်မကဘူး ခင်ဗျားယောက်ကျား အရက်နဲ့ ြ့မည်းဖို့အသားပါနည်းနည်းပိုထည့်ပေးလိုက်တယ်...ဟုတ်ပြီးလား´´

``အေးပါအေး..သာဓုပါသာဓုပါ.တော်´´


``အဲ့လယ့်..အရောင်းတွေသွက်နေပါလား´´


``ဟာ ဆယ်အိမ်မှူး. ကိုမြင့်ပါလား...ဘာလဲ..

လာအားပးတာလား´´


ဆိုပါစို့.. ကွာ.

ငါအတွက်..၂ပိသာ ထည့်ထားလိုက်.တင်မောင်ရေ...ငါမိန်းမက အခြောက်လုန်းချင်လို့တဲ့...ဟ


Okကိုမြင့်ရေ..အပိုထည့်ပေးလိုက်တယ်နော်

အကြွေးတော့မရဘူး.. ဟဲဟဲ.....


``အေးပါကွာ..မင်းပြောမှပဲ..ငါလည်း..

အကြွေးရုပ်ပေါက်နေတော့တာပဲ.. ...´°


ဟား..ဟားဟား.. .............


တစ်နေကုန်..ရောင်းအားကောင်းကောင်းဖြင့်...လှည့် ရောင်းလိုက်တာ..ညနေစောင်း တော့..အကုန်ကုန်သွား၍...

ကိုသာအေးအရောင်းရငွေလွှဲပေးလိုက်လေသည်၊


``ကျေးဇူးပါ တင်မောင်ရေ...

ရော့..ဒါ.မင်းအတွက်...၂သောင်း.နဲ့.

အိမ်စားဖို့အမဲသား၂တွဲယူသွား..´´


``ဟာ..များလိုက်တာ.ကိုသာအေးရာ...

၁သောင်းခွဲပဲ..ပေးပါ.ဗျ...ဒီလောက်လေးရောင်းပေးတာ.ကျွန်ပ်အတွက်...အပန်းမကြီးပါဗျာ....´´


``မဟုတ်တာ တင်မောင်ရာ ယူသွားစမ်းပါ....ကွာ

မင်းမိန်းမလဲ မျော်နေရောပေါ့....´´


ကျွန်ပ်လဲ ပေးမရတဲ့အဆုံး...ငွေ၂သောင်း လက်ထဲကျစ်ကျစ် ဆုတ်ပြီး..

အမဲသားတွဲဖြင့် .ကိုသာအေး.အိမ် က

ထွက်လာခဲ့လေသည်၊


နေဝင်ချိန်ရောက်တော့မယ့်အချိန်မယ့်...

အိမ်သို့ခက်သွက်သွက်လျှောက်လာခဲ့သည်၊


ကျွန်ပ်တို့လင်မယားက.အရမ်းဆင်းရဲတယ် ဗျာ...

ကျွန်ပ် မိဘကတော့...အရမ်းချမ်းသာပါတယ်

သူ့တို့သဘောကျနှစ်သက်တဲ့..သူ မယူပဲ

ရွာသူကို..ယူခဲ့၍..အခုလို.အမွေဖြတ်စွန့်လွတ်ခံရသူပါ...

ဘာပဲဖြစ်ဖြစ်..ကျွန်ပ်ကျေနှပ်တယ်..မွေးမိဘတွေလဲ.စိတ်မနာရက်ပါဘူး...

ကျွန်ပ်ကလည်း..ပင်ပင်ပန်းပန်း အလုပ်တွေဆို

သိတ်မလုပ်နိုင်ဘူးဗျာ..

ဒါကို..အိမ်ကမိန်းမက..ကျွန်ပ်ကိုနားလည်ပေးရှာပါတယ်..

ဘာမှအခိုင်းရဲ့ဘူး......သူ့ကိုချစ်နေယုံနဲ့

ကျေနှပ်တယ်ဆိုလားပဲ....

ဒါကိုလဲ ကျွန်ပ်ကလက်မခံချင်လေ...အိမ်ထောင်ဦးစီတစ်ယောက်နဲ့..တတ်နိုင်သလောက်...တာဝန်ကျေရမယ်ဆိုတဲ့

စိတ်နဲ့...အခုလိုအမဲသားရောင်းတဲ့..ဘဝကို

သူနဲ့အတိုက်ခိုက်လုပ်ပြီး..ရွေးချယ်ခဲ့လိုက်ရတယ်...........


ရှပ်ရှပ်.. .ရှပ်.....

ကျွန်ပ်နောက်...က..တစ်စုံတစ်ယောက် ကပ်လိုက်တဲ့ခြေသံကြောင့်..ကျွန်ပ်အတွေးတွေ

ပြောက်ကာ...နောက်သို့့လှည့်ကြည့်မိလိုက်လေသည်၊

မည်သူကမှမရှိ....ကျွန်ပ်စိတ်ထင်တာနေမှာပါ...

ဆိုပြီး ဆက်လျှောက်ခဲ့တယ်......


ရှပ်ရှပ်ရှပ်.. .ဒီတစ်ခါ ပီပီသသ ကြားလိုက်ရ၍

ကျွန်ပ် ခြေလှန်းများ..ဒုန်းကနဲ ရပ်လိုက်မိလေသည်၊

နောက်သို့လှည့်ကြည့်တော့မည်သူမှ..မရှိ....

ကျွန်ပ်ကျောနည်းနည်းတော့ချမ်းလာတယ်ဗျာ..

ကျွန်ပ်လည်း..ခြေလှမ်းကျဲကြီး တွေဖြင့်...လျှောက်လာရင် အိမ်ခြံပေါက်ဝသို့ရောက်လာခဲ့

သည်၊

ဝုတ်ဂုတ်...ဝုတ်...

ရုတ်တရုပ်.ဖြူမ..ခြံပေါက်ဝနားမှာ...ကျွန်ပ်ကိုမြင်တော့ထ၍ဟောင်နေ၍...ကျွန်ပ်..လဲ

နူတ်ဆက်တဲ့အထင်နဲ့အိမ်ထဲသို့ဝင်လာခဲ့သည်၊


ဖြူမကတော့ထိုး၍..ဟောင်နေဆဲး......


``ဟဲ့..ကောင်မ..ကိုယ်သခင်တောင်မမှတ်မိဘူးလား

နာတော့မယ်..နင်တော့.....´´


ကျွန်ပ်မိန်းမ.က..ငေါက်လိုက်တော့မှ.....

ဖြူမ ကုတ်ကုတ်လေး ငြိမ်ကျသွားကာ..ခြံပြင်သို့

ထွက်သွားခဲ့လေသည်၊

ခါတိုင်းဆို..ကျွန်ပ်ကိုမြင်ရင်..ပွတ်သီးပွတ်သပ်

လုပ်တတ်တဲ့ ဖြူမ...ဘယ်လိုကြောင့်ပါလိမ့်နော်...


ဟင်...

``အကို.အမဲသားတွဲတွေပါလေ......´´

``ညကြီးမိုးချုပ် ယူလာရတယ်လို့အကိုရယ်´´


``ဘာဖြစ်လို့လဲ ခင်လေး ရဲ့ခါတိုင်းလဲ...ယူနေကြ

ပဲကို...´´


``ဘာရယ်တော့မဟုတ်ပါဘူး....အကိုရယ်....

ဘာပဲဖြစ်ဖြစ် ညဘက်မယူတာအကောင်းဆုံးပဲ....´´


အေးပါဗျာ...အေးပါ...

ကျွန်ပ်လဲ ဆက်မငြင်းချင်တာနဲ.့ခင်အလိုအတိုင်း

လိုက်လျော ခေါင်းငြိမ့်ပေးလိုက်ရသည်၊


``အဲ့နဲ့အကို....အလုပ်သွားတာ..ခင်ကိုတော့

ပြောသွားဖို့တော့ လိုတာပေါ့..ခုတော့ဘယ်လောက်ထိ..ခင်.စိတ်ပူရတယ်ဆိုတာ...အကိုကမှမသိတာ.....


အော်..ကြည့်ကြည့်.ပြောရင်..မျက်ရည်က ကျ

လာတော့မယ်...ဒီကောင်မလေးကတော့..နော်´´

အရမ်းစိတ်အားငယ်တတ်တဲ့...ကျွန်ပ်မိန်းမအကြောင်း 

ကျွန်ပ်အသိဆုံယဗျာ...

ကျွန်ပ်လဲ ပြောပြောပြောဆိုဆိုဖြင့်..ကျလာတော့မယ့် မျက်ရည် တွေကို..လက်ဖြစ်

အသာဖယ်ပေးလိုက်လေသည်၊


``ဘာတွေစိတ်မချဖြစ်နေတာလဲ

ခင် ရဲ့...ဘာမှစိတ်မပူနဲ့သိလား..ဒီမနက်

ခင်ကို ပြောမသွားဘူးဆိုတာက..

.အလုပ်ကိစ္စက့.ဗြုန်းစားကြီး ပေါ်လာတာဆိုတော့

ပြောဖို့အချိန်မရတော့တာပါ...

ခင်အလာကို

.ကိုယ်စောင့်ပါသေးတယ်..နည်းနည်းနေမြင့်နေ၍

အကိုလဲ အိမ်ကမြန်မြန်ထွက်လာခဲ့လိုက်ရတာပါ..


အဲ့တော့မှ.ခင်လဲစိတ်ဖြေပုံရသွားခဲ့လေသည်၊


``ဟုတ်ပါရဲ့...ဒီနေ့ကျမှ...ခင် လဲ စျေးသိတ်

ရောင်းမကောင်းလို့အရမ်းနေမြင့်သွားတယ်

အကို..

ကဲကဲ ရေမိုးချိုးထား...

ခင် လဲ အမဲသားတွေရေဆေးပြိး..ပြုတ်ထားလိုက်အုန်းမယ်...ပြီးရင်တူတူထမင်းစား

ကြတာပေါ့....´´


ခင်လေး တစ်ယောက်လဲ ပြောပြောဆိုဆို ဖြင့်.

အမဲသားတွဲယူကာ မီးဖိုချောင်အတွင်း သို့

ဝင်သွားခဲ့လေသည်၊


ကျွန်ပ်လဲ.ရေမိုးချိုး ကာ...

အရံသင့်ခူးခပ်ထားတဲ့..တောဟင်းစုံ..

အမဲရိုးချက်၊ အမဲကြော်.၊.ငပိရေ.အတိုမြုပ်

စသည့်စုံလင်စွာ..ဟင်းများဖြင့်...ခင်လေးနဲ့

ထမင်းလက်စုံစားကြလေတော့သည်၊


ဝုတ်ဝုတ်...ဝုတ်....ဝုတ်...

ရုတ်တရပ်.. ကျွန်ပ်တို့ထမင်းဝိုင်းသို့ဖြူမထိုး၍

ဟောင်ပါလေတော့သည့်၊

ကျွန်ပ်လဲ သူ့ဗိုက်ဆာနေတဲ့...အထင်နဲ့...အမဲရိုး

တချို့နဲ့ကျကျနန နှဲပြီး..ဇလုံထဲသို့...ကျကျွေးလေတော့...ဖြူမ.က ကျကျွေးနေတဲ့..

ထမင်းကိုလုံးဝမစားပဲ..ထိုဇလုံအား.အဆက်မပြက်.ထိုးဟောင်ပြလေတော့.သည်..ခဏအကြာ...

တဂိန်ဂိန်နဲ.. အော်..ဟစ်..ကာ....

ခြံပြင်သို့ဝိုးဝှေထွက်ပြေးသွားပါလေတော့သည်၊


ကျွန်ပ်တို့နှစ်ယောက်လဲ တစ်ယောက်မျက်နာ တစ်ယောက် ကြည့်မိကြကာ..ဖြူမ ကို..

ဘယ်လိုမှ နားမလည်ဖြစ်နေမိကြလေတော့သည်၊


စားပြီးလို့..ကျွန်ပ်လဲ ထမင်းဆိပ်တတ်ကာ..

အိပ်ချင်လာတာနဲ့..အိပ်ယာထဲလှဲ..လိုက်.ပြီး.

ဖြူမအကြောင်းကို ခဏ စဉ်စားနေမိတော့သည်၊

ဒီနေ့တစ်နေကုန်..ဖြူမ ဘာတွေဘယ်လိုဖြစ်နေပါလိမ့်....နော်...

ခင်လေးကတော့...အိုးခွက် ပန်းကန် များ.....

ဆေးကျောသံတွေဖြင့်..အလုပ်ရူပ်နေလျက်..

ကျွန်ပ်လဲ ခင်လေးကို.မစောင့်နိုင်တဲ့အဆုံး..တချိုးတည်း အိပ်ပျော်သွားပါလေတော့သည်၊

..........................................................

``ခြမ္​း´´

ညအချိန့်မို့..တစ်စုံတစ်ခု ပြုတ်ကျသံက....

ထင်ထင်ရှားရှား ထွက်ပေါ်လာတာကြောင့်..

ကျွန်ပ် လန့်၍ နိုးလာလေတော့သည်၊

အိပ်ယာဘေးမှာခင်လေးမရှိ.....

အာရုံဆွန်းဟင်းများ ချက်နေသလား..အတွေ းဖြင့်

နာရီ စင် ကိုလှန်းကြည့်တော့.....

ဟင်-(12)နာရီရှိသေးပါလား...ခင်လေး ဘာထ

လုပ်တာပါလိမ့်..ညဉ့်နက် ကြီး..အချိန်.....

ကျွန်ပ်လဲ..ပြာလဲ့လဲ့ အိပ်ယာထလာကာ...မီးဖိုချောင် ဘက်သို့ထွက်လာခဲ့သည်၊ ထိုအချိန်

မီးဖိုချောင်ဘက်က..တစ်စုံတစ်ယောက်...

စားသောက်သံတွေက..ထွက်ပေါ်လာတာကြောင့်..ကျွန်ပ်လဲ..ခြေရာဖော့ကာ..အသံတိတ်..ကြည်မိလိုက်တော့..ကျွန်ပ်..အံ့အားသင့် ဖြစ်မိသွားခဲ့လေသည်၊

ခင်လေးက..နောက်ကျောပေးပြီး...တစ်စုံတစ်ခုကို

ငတ်ငတ်ပြက်ပြက်စားသောက်နေတဲ့..မြင်ကွင်းကြောင့်ဖြစ်သည်၊ ကျွန်ပ်လဲ.အရမ်းထိပ်လန့်

မတတ်ပဲဗျာ...


``ခင်...ခင်..လေး...မင်း..မင်း.ဘာလုပ်နေတာလဲ.....ကွာ...´´


ပြန်မပြောဘူး.ဗျာ..အစားပဲ မဲနေတာ...ကျွန်ပ်လဲ

အရဲစွန့်ကာ....ကြောက်စိတ်တွေခဏဘေးချိတ်ပြီး

ခင်လေးနားသို့တိုးကပ်ကြည့်မိလိုက်တော့.....


အမယ်လေး ဗျ....ကျွန်ပ်အသံထွက်...အော်လိုက်မိကာ..နောက်သို့လှဲကျသွားမိလေသည်၊

ခင်လေးက..အမဲအိုးကို..ပေါင်ပေါ်တင်ပြီး..ခေါင်း

မဖော်အောင်.လက်ကြီးနဲ့ကုတ်ကုတ်စားနေတာဗျာ.....


စောစော.က.ကျွန်ပ်အော်လိုက်တဲ့..အသံကြောင့်လားတော့မသိဘူး...စားလက်စ..

အစာများ..ခဏရပ်ကာ..ကျွန်ပ်ဘက်သို့..လှည့်

ကြည့်မိလိုက်လေသည်...

ဖြူဖပ်ဖြူရော် မျက်နာကြီးဖြင့်.....ကျွန်ပ်ကို

ကြည့် .ပြီး...တခိခိ..ရီးပြနေလျက်........

ကျွန်ပ်လဲ..ဆက်မကြည့်နိုင်တဲ့အဆုံး..အော်ဟစ်ကာ...အိမ်ပြင်သို့ထွက်ပြေးရပါလေတော့သည်၊.....

အိမ်ပြင်ရောက်တော့.....ကျွန်ပ်လဲ..ခင်လေးအတွက်စိတ်ပူကာ...ပတ်ဝန်ကျင်ကိုပဲ..အော်ဟစ်စွာ..အကူ

ညီတောင်းလိုက်မိလေတော့သည်၊

ညတိတ်ဆိတ်နေတဲ့အချိန်မို့...ကျွန်ပ်အော်သံ..

တစ်ရွာလုံး လွှမ်းမိုး သွားလေသလားမသိ....

တစ်ရွာလုံး နီးပါး..ကျွန်ပ်အိမ်ဘ်ကသို့. စိုးရိမ်စွာပြေးလာကြလေတော့သည်၊


မင်းမိန်းမဘာဖြစ်တာ.တင်မောင်....´´


အားလုံး.ကစိုးရိမ်စွာမေးမြန်းကြလေတော့သည်၊

ကျွန်ပ်လဲ ထစ်ထစ်ငေါ့ငေါ့..ဖြင့် အကြောင်းစုံ

ပြောပြနေတဲ့အချိန်...မှာ...

အိမ်ပေါ်ပြတင်းပေါက်တံခါးဖွင့်သံကြောင့်...

ကျွန်ပ်အပါအဝင်..တရွာလုံးကလူတွေလဲ..

ထိုပြတင်းပေါက်တံခါးဆီသို့..မျက်တောင်မခက်ပဲ

ဝိုင်းဝန်စိုက်ကြည့်မိလိုက်တဲ့အချိန်....မှာ..ပဲ...

တရွာလုံးလန့်..၍...ဆူညံစွာ..အော်ဟစ်နေကြပါတော့သည်၊

 ဆံပင် ဖရိုမရဲဖြင့် ခင်လေး...က.တရွာလုံး

အပြုအမူတွေကြည့်ပြီး...တ ခိခိနဲ့ရီးမောနေလျက်.....


``ဒါ..ဒါ..သရဲ..ဝင်ပူးနေတာကွ...´´

ကိုသာအေးလဲ ပြောပြောဆိုဆိုဖြင့်..တစ်စုံတစ်ခု

သတိရ၍ သွားခေါ်မယ်ဆိုပြီး.ရွာကလူ.၂နှစ်ယောက်အဖော်ခေါ်ကာ...

ထွက်ခွာသွားခဲ့လေတော့သည်၊....

......................................................


ခဏအကြာ..ကိုသာအေးတို့အဖွဲ့နဲ့အတူ

့ဦးလေးကြီးတစ်ယောက်ရောက်ရှိလာခဲ့လေသည်၊


ဒါ..မနောစိတ္တုပ္ပါဒ် ဂိုဏ်းဝင်ဆရာကြီးဗျာ..အရမ်းစွမ်းတယ်....မင်းမိန်းမအတွက်..ဘာမှစိတ်မပူနဲ့..သာအေးပြောစကားကြောင့်.

ကျွန်ပ်အရမ်းဝမ်းသာမိမတတ်ပဲ.....


``အားကိုးပါတယ်..ဆရာကြီးရယ်...

ကူညီပါအုန်း.ကျွန်ပ်မိန်းမအန္တာရယ်ကင်းအောင်..´´


``အေးဘာမှ..စိတ်မပူပါနဲ့...ကွ´´

ဆရာကြီးကပြောပြောဆိုဆို..ဖြစ်...


``ဟိတ်သရဲမ..ခုချက်ချင်းဆင်းခဲ့....စမ်း......´´


ဆရာကြီးအသံကြားလိုက်တာနဲ့....

တပြိုင်နက် 

ခင်လေး.ပူးကပ်နေတဲ့..သရဲ..တုန်လှုပ် ခြောက်ခြားသွားတာတွေ့ရလေသည်၊


``ဟင်အင်း.. .မလာဘူး....ကြောက်တယ်....

ကြောက်ဆယ်...ဟီး..ဟီး....ဟီး...´´


ဟာ...ငို..ပြန်ပြီး..ဘယ်လိုသရဲလဲကွ.......

သနားရမှာလား..၊.ကြောက်ရမှာ.ဖြစ်နေကြမိလေသည်......


ဆရာကြီးက.သဘောပေါက်ကာ..

ခေါင်းတညိမ့်ညိမ့်ဖြစ်ပြုလုပ်ပြီး....


``အဲ့ဒါ..ကလေးသရဲမလေးပါကွာ.ဘာမှ

စိတ်မပူကြပါနဲ.၊..´°


``ဟင် ´´

အားလုံးကတော့..အဲ့တော့မှ..သဘောပေါက်မိကြ

လေသည်၊


ဆရာ ကြီး.က..ပြန်ချော့၍...

``ကဲ...သမီးလေး...အောက်ဆင်းလာခဲ့ပါ...

ဦးလေးက..ရန်မပြုပါဘူး..´´

..အဲ့တော့မှ...

ပြတင်းပေါက် နားကနေ..ခင်လေး..အပြင်ဘက်သို့ထွက်လာမိလေသည်၊


``သမီးကို..ရိုက်မှာကြောက်ဆယ်...

ဟီး..ဟီးဟီးဟီး.. .´´


ဟာ..

``မငိုနဲ့မငို.....ဦးလေးတို့ကအန္တာရယ် မပေးပါဘူး သမီးလေး မဆိုးရင်ပေါ့..ဒါနဲ့

သမီးနာမည်..အရင်ပြောပြ...´´


 ``..ပုံပုံခ်စ္​´´


ဟင်..

ဟာ.....အားလုံးကလဲ..အံ့အားသင့် ဖြစ်နေကြလေသည်....

ဟိုတလေလောတုန်းက.မြွေကိုက်သေသွားတဲ့

ကလေးမလေးပါလား....

.သူ့မိဘတွေကတော့ သူ့မသေခင်ရက်ပိုင်း..မှာပဲ..လှေမှောက်သေဆုံးသွားရှာသတဲ့.......

....

``ဘယ်သူနဲ့.လိုက်လာတာလဲ.....´´

ဆရာကြီးကမေးတော့....


ကလေးမလေးပူးနေတဲ့ ခင်လေးက..သွားလေးဖီးပြကာ..

ကျွန်ပ်ကို လက်ညိုးထိုးပြပါလေရော.....


``ဒီက.ဦးဦးနဲ့လိုက်လာတာ´´


ဘယ်ကြောင့် လိုက်လာတာလဲ.ထပ်အေးတော့.....


``အမဲသားစားချင်လို့တဲ့..´´


ဘုရားဘုရား.. ...

ကျွန်ပ်လဲ..ညဖက်ဆို..အမဲသားမယူရဲတော့သလို.

.အမဲသားရောင်းဖို့တောင်.ခက်လန့်လန့်ဖြစ်နေမိတော့သည်၊...

ဒါကြောင့်လဲ ဖြူမ...ထိုးဟောင်းနေတာကို....

အဲ့တော့မှ 

ကျွန်ပ်လဲသဘောပေါက်မိသွားလေသည်၊


``..ဒီဘဝက..ကျွတ်လွတ်ချင်ပါသလား....သမီး´´


ခင်လေးဆီ..ပူးနေတဲ့.သမီးလေးက..

ခေါင်းခါတယ်ဗျာ....ဘာကြောင့်လဲမေးတော့...

သူ့အဖေနဲ့အမေကို..စောင့်နေတာတဲ့...

ရွာထိပ်နားမှာ...


``ဟင်.´´

စိတ်မကောင်းစရာပဲဗျာ.....ပြန်မလာတော့တဲ့

မိဘတွေကို..စောင့်နေတာတဲ့.........


ဆရာကြီးက.သူ့မိဘတွေ....

လှေမှောက်ဆုံးရှာပြီးတဲ့ပြောတော့..သမီးလေး.က

တငိုငိုတရီရီ ဖြင့်.မရပ်မနား.ငိုနေမိတော့သည်၊..

..

``မငိုနဲ့တော့တိတ်တိတ်...

သမီးလေး..ဘယ်မှာနေတာလဲဦးကိုပြောပြ..

ဦးလေးအမျှဝေပေးမယ်၊..ဒီဘဝက ကျွတ်လွတ် သွားရင်..သမီးလေးကြိုက်တဲ့..အမဲသား..အမြဲတမ်းစားရမှာ...သိလား..မေမေနဲ့ဖေဖေနဲ့

တွေ့ရမယ်............

ပလီဆယ်ပြီး ပြောလိုက်ရလေတော့သည်၊


အဲ့တော့မှ..ထို ကလေးမလေး..အင်ိုတိတ်ကာ..

သူ့နေတဲ့...ရွာထိပ်နား..က..လက်ပံပင်ကြီး..

ပြောပြလေတော့သည်၊

အမျှရဖို့..ဦးဦးတို့ကို..စောင့်နေမယ်တဲ့.......

ပြောရင်းဖြင့်..ခင်လေးခွေခွေလေး လှဲကျသွား

ပါလေတော့သည်၊


ကျွန်ပ်လည်း..ခင်လေးကို.ပွေ့ထူကာ...သတိရတဲ့အထိ..စောင့်ကြည့်နေခဲ့လေသည်၊

ဆရာကြီးဆေးတစ်လုံးကြောင့်..ခင်လေး.လည်း

မြန်မြနိသတိရလာလေတော့သည်၊

ဘာမှနားမလည်တဲ့...အကြည့်တွေနဲ့..ခင်လေးကမေးမြန်းကြည့်တော့.....ကျွန်ပ်အစား

တစ်ရွာလုံး ကပြောပြနေမိတော့သည်၊

ကြောက်စိတ်ကတကြောင်း၊

သနားစိတ်ကတစ်ကြောင်း..ဘာပဲဖြစ်ဖြစ်.. ဒီ

သမီးလေး ကျွတ်လွတ်ဖ်ို့...အမြန်ဆုံး

ခင်လေးအပာအဝင်.ဆာင်ရွတ်ခဲ့လေတော့သည်၊

မနက်ရောက်တော့..လက်ပံပင်ကြီး အောက်မှာ.

သံဃာတော် ၅ ပါး.ပင့်ဖိတ်ကာ..ကလေးမလေး

ပုံပုံချစ် အတွက်.တစ်ရွာလုံးက လူတွေလည်း 

အမျှပေးဝေနေမိတော့သည်၊


သမီးလေးလဲ ကောင်းရာဘုံသို့ကူးပြောင်းပါစေ။


ပြီးပါပြီး.. ....

ဇာက်လမ်းလေး..သဘောကျရဲ့ဗျာ...😃😃

ဝေဖန်ပေးပါအုန်း☺☺


အမြန်တင်ပေးလိုက်တာမို့...

အမှားလေးတွေပါရင်..သည်းခံဖက်ပေးကြပါ.နော်.


စာဖက်ချစ်ဖလန့်တွေ..ကျေးဇူး တင်ပါသည်၊

စာရေးသူ👉 #အလင်းရောင်

#လေးစားစွာCreditပေးပါတယ်

**အိမ်ထဲသရဲဝင်လာတယ်**

 **အိမ်ထဲသရဲဝင်လာတယ်**


ဇာတ်လမ်း/စာရေးသူ - ဝိုင်စီရဲ

(ကိုယ်တွေ့ဖြစ်ရပ်မှန်)



                     ကျုပ်တို့တွေလူစုံပြီဆိုရင်...လမ်းထွက်ပြီး...

ဘောလုံးကန်နေကြလေဗျာ...ကျုပ်တို့လူငယ်တွေကြီးပဲပေါ့

ဗျာ... တစ်ပတ်မှာ စနေနဲ့တနင်္ဂနွေနေ့...နှစ်ရက်တော့...

ဘောလုံးစုကန်ဖြစ်တယ်ဗျ... ရဲရင့်၊အာကာ၊နိုင်ထက်၊ကျုပ်

ရယ်ကတော့...တစ်သင်းဗျ...ဟိုဘက်ကတော့.. လင်းနိုင်၊

ညီထက်၊ဇင်အောင်၊ဝေထွန်းတို့ကတစ်သင်းဗျ...


               ဆောင်းရာသီလည်းဖြစ်တော့... သွေးပူအောင်..

ကစားတဲ့သဘောပေါ့ဗျာ... ညနေ ၆နာရီလောက်ဆိုရင်...

အေးလာပြီလေဗျာ.... ကျုပ်တို့ခြံရှေ့ကလမ်းမှာ...ကန်ကြ

တာဗျ...လူသွားလူလာလည်းနည်းတယ်ဗျ...အဲ့တော့..

ကျုပ်တို့အကြိုက်ဘောလုံးကန်လို့ပိုကောင်းတာပေါ့ဗျာ...

ဒီလိုနဲ့...ညနေ၆နာရီခွဲတော့...ဘောလုံးစကန်ကြပြီပေါ့ဗျာ..


ရဲရင့်။ ။ ဒီနေ့ကစနေနေ့နော် ငါကလည်းစနေသားကွ 


ဝိုင်စီရဲ။ ။ အဲ့တော့


ရဲရင့်။ ။ နိုင်မှာကွ


နိုင်ထက်။ ။အေးပါ မင်းသာ ဂိုးသေချာဖမ်း 


အာကာ။ ။ အေး...ဟုတ်တယ်...လေကသာကြီးနေတာ..

                 ဂိုးဖမ်းရင် တလွဲ...


ဝိုင်စီရဲ ။ ။ အေးလေကွာ လေမကြီးနဲ့ အရင်တစ်ပတ်က

              မင်းကြောင့်ပဲ ဂိုးတွေ ပေးလိုက်ရတာ မနည်းဘူး


ရဲရင့်။ ။ မင်းတို့ကလည်းကွာ ပြောမယ်ဆိုတာကြီးပဲ

            ဒီပွဲမှာ ငါလက်စွမ်းတွေမင်းတို့မြင်စေရမယ်


ဝိုင်စီရဲ။ ။ ဟုတ်ပါပြီ ကန်ကြမယ်ဟေ့....


               ရဲရင့်...ဒီပွဲမှာတော့လက်စွမ်းတွေပြနေတာဗျ...

ဟိုဘက်ကသွင်းလိုက်တိုင်း ဂိုးပေးလိုက်ရတာကြီးပဲဗျို့..

ဘောလုံးပွဲရဲ့ရလဒ်ကတော့...ဟိုဘက်က၅ဂိုး..ကျုပ်တို့က

၂ဂိုးတဲ့ဗျာ...အပတ်တိုင်းရှုံးနေကြဆိုတော့မဆန်းပါဘူးလေ..


အာကာ။ ။ ဆရာကြီးရဲရင့် မင်းလက်စွမ်းတွေအရမ်းမပြနဲ့

                လေကွာ 


နိုင်ထက်။ ။ မင်းတော်တော်ကောင်းတာပဲ


ဝိုင်စီရဲ ။ ။ မင်းကွာ ဒီလောက်ကောင်းလိမ့်မယ်လို့မထင်ဘူး


ရဲရင့်။ ။ တော်ကြတော့ ငါဒီနေ့လက်ကနာနေလို့ကွ


်နိုင်ထက်။ ။ ချက်ချင်းကြီးလက်နာသွားတာလား ရဲရင့်ရ


အာကာ။ ။ အေးလေကွာ 


ဝိုင်စီရဲ ။ ။ ငါဆေးလိမ်းပေးမယ်လေ လာလာ 


ရဲရင့်။ ။ နောက်နေ့ကြရင်ကြည့်လိုက် 


အာကာ။ ။တော်ပါတော့ ဆရာကြီးရယ်


                ရဲရင့်ကတော့လေကျယ်ဗျ...ကျုပ်တို့အဖွဲ့ထဲမှာ..

လေအကျယ်ဆုံးပဲဗျ.... ဒီလိုနဲ့...အကျီတွေလဲပြီး...

ကျုပ်အိမ်မှာ...စကားတွေ ဟိုပြောဒီပြော...ပြောနေကြတာ

ပေါ့ဗျာ.... ဒီလိုနဲ့ပြောရင်းပြောရင်းနဲ့...


ရဲရင့်။ ။ ငါမင်းတို့ကိုပြောရအုံးမယ် ငါငယ်ငယ်က အမေ

                 တို့ပြောတာကြားဖူးတယ်ကွ ညဘက်ကြီး 

                  အိမ်ရှေ့ကိုကြည့်ပြီး ''ဝင်ခဲ့လေကွာ''လို့ပြော

               လိုက်ရင် မကောင်းဆိုးဝါးတွေက အိမ်ထဲဝင်လာ

              တတ်တယ်လို့ပြောတယ်ကွ


အာကာ။ ။ မင်းကလည်းမဟုတ်တာကစပြီ ကဲ ပြောစမ်းပါ

                 အုံး ဘာလို့ဝင်လာတာလည်း


ရဲရင့်။ ။ ဥပမာ ဝိုင်စီရဲရေလာပါအုံးကွ လို့နာမည်တပ်ခေါ်

           ရင်တော့မဝင်ဘူးကွ နာမည်တပ်မခေါ်ရင်တော့

            သူတို့ကိုခေါ်တယ်ထင်ပြီး ဝင်ကြတာတဲ့ကွ


နိုင်ထက်။ ။အေး ဟုတ်တယ်ကွ...ငါလည်းကြားဖူးတယ်


ဝိုင်စီရဲ။ ။ ဒါဖြင့် ငါတို့ခေါ်ကြည့်ကြမယ်လေ


ရဲရင့်။ ။ ဟာ မလုပ်ပါနဲ့ကွာ... တော်ကြာ အားလုံး ဒုက္ခ

             ရောက်နေပါအုံးမယ် 


နိုင်ထက်။ ။ ငါလည်းစမ်းကြည့်ချင်တယ်ကွ


အာကာ။ ။ ငါရောပဲ


            ကျုပ်တို့လည်း...ခေါ်မယ်ဆိုပြီး..ဆုံးဖြတ်လိုက်ကြ

တာပေါ့ဗျာ...


ဝိုင်စီရဲ။ ။ ဟိတ် ဝင်ခဲ့လေကွာ 


          ကျုပ်ကခေါ်လိုက်ပေမယ့်လည်း...ဘာမှမထူးခြားလာ

ဘူးဗျ... ကျုပ်တို့လည်းရဲရင့်ကို ''လေကြွား''လို့ပြောကြတာ

ပေါ့ဗျာ... ဒီလိုနဲ့... ည၉နာရီရောက်တော့... သူတို့တွေ...

အကုန်ပြန်သွားကြပြီဗျ....ကျုပ်လည်း အိပ်ယာဝင်ပြီပေါ့ဗျာ


         ည၁နာရီလောက်ရောက်တော့.... ကျုပ်စောင်ခြုံထား

တာမရှိတော့ဘူးဗျ...စောင်ကိုပြန်ခြုံပြီးပြန်အိပ်လိုက်တယ်

ဗျ...အဲ့အချိန်မှာ... ကျုပ်က အပေါ့သွားချင်နေတာဗျ.... 

ကျုပ်လည်း...ဓာတ်မီးလေးထိုးပြီးအိမ်သာကိုသွားတာပေါ့..

အိမ်သာရဲ့သွပ်ပြားပေါ်မှာ...ခေါင်းပြက်ကြီးချိတ်နေတာ..

တွေ့လိုက်ရတယ်ဗျ....ကျုပ်လည်း...မျက်လုံးပွတ်ပြီး....ပြန်

ကြည့်လိုက်တော့..ဘာမှမရှိဘူးဗျ...အဲ့ဒါနဲ့...ကျုပ်လည်း..

ကြောက်ကြောက်နဲ့...အိမ်သာကိုသွားတာပေါ့ဗျာ...အိမ်သာ

တံခါးလည်းဖွင့်လိုက်တဲ့အချိန်မှာ.... ထိပ်ပြောင်ပြီး မျက်နှာ

မှာသွေးတွေကစီးကျ... အိမ်သာမှာထိုင်နေတဲ့ဦးလေးကြီးသရဲကိုတွေ့လိုက်ရတယ်ဗျာ...ဒါကိုလည်းတွေ့တော့ကျုပ်လည်းထွက်ပြေးတာပေါ့ဗျာ...


         အဲ့အချိန်မှာ...ထွက်ပြေးလို့မရအောင်...အနောက်ကနေဆွဲထားတာဗျ... ခေါင်းပြက်ကြီးနဲ့ ကျုပ်ရှေ့မှာ ရယ်ရယ်

ပြနေတာဗျ... ကျုပ် သွေးပျက်မတတ်ကိုကြောက်ရွံနေပြီ

လေဗျာ... ကျုပ်လည်းအားနဲ့ရုန်းလိုက်တဲ့အချိန်...မြေပြင်

ပေါ်ကို..လဲကျသွားတာဗျ...ကျုပ်ကျောပေါ်ကို...သစ်သား

ုကြီးလို မာနေတဲ့အချောင်းကျလိုက်သလိုပဲဗျ တော်တော်ကို

နာသွားတာဗျ..အဲ့ဒါနဲ့ အနောက်ကမာနေတဲ့အချောင်းကို

ယူကြည့်လိုက်တော့...ခြေထောက်ကြီးဖြစ်နေတယ်ဗျ....

ကျုပ်လည်း...အိမ်ထဲကိုအတင်းဝင်ပြေးပြီး...အမေနဲ့အဖေကိုနိုးရတော့တာပေါ့ဗျာ.... အဖေနဲအမေကို ကျုပ်ဒီလို

ပြောခဲ့ကြောင်းပြောလိုက်တာပေါ့ဗျာ...


       အဖေနဲ့အမေလည်း... ပတ်ဝန်းကျင်ကလူတွေကိုအော်

ဟစ်ပြီးလှမ်းခေါ်တာဗျ...အဖေနဲ့အမေ အပြင်ထွက်ပြီး..

အော်ဟစ်နေတဲ့အချိန်...ကျုပ်တစ်ယောက်တည်း..အိမ်မှာ

ကျန်ခဲ့တာဗျ....ထိုအချိန်တွင်... ကျုပ်ကကုတင်ပေါ်မှာ..

ထိုင်နေတဲ့အချိန်.. ''ငါကိုခေါ်တာမဟုတ်ဘူးလား ''ဆိုပြီး

ခေါင်းပြက်ကြီးက...ပြောနေတာဗျ..ကျုပ်လည်း..ဒါကိုမြင်

ပြီး..သတိမေ့သွားတယ်ဗျာ...


        မနက်ရောက်တော့ ကျုပ်ဖျားနေပြီပေါ့ဗျာ...အဖေနဲ့

အမေပြောပုံအရတော့....အဲ့သရဲကို...ဆရာတော်ကိုပင့်ပြီး

ထုတ်ခိုင်းရတာတဲ့ဗျ....ဒါတောင်တော်တော်နဲ့မထွက်ဘူးတဲ့ဗျ... ဒါကတော့..ကျုပ်တို့တောမှာတော့...နာမည်မတပ်ပဲ

ခေါ်ရင်..သရဲဝင်လာတယ်ဆိုတာ...တကယ်ရှိတယ်ဗျ...


                 ခင်ဗျား ညဘက် အပြင်ကလူကို လှမ်းခေါ်မယ်ဆို

ရင်...နာမည်လေးတပ်ပြီးခေါ်ပေါ့ဗျာ...မဟုတ်ရင်...အိမ်ထဲ

သရဲဝင်လာအုံးမယ်ဗျို့...


                                                                           ပြီးပါပြီ...

ဆက်လက်ကြိုးစားပါဦးမည်

#ဝိုင်စီရဲ

#Yc_Yèl

  https://www.facebook.com/ye.yel.1213

မိခင်ကိုစားသော ဝမ်းဗိုက်ထဲကဘီလူးလေး

 မိခင်ကိုစားသော ဝမ်းဗိုက်ထဲကဘီလူးလေး



                                    ဖြစ်ရပ်ဆန်းကြယ်


   ပဲခူးတိုင်း သနပ်ပင်မြို့နယ် ( )ရွာ၌ ကိုကုလားနှင့် မနီဆိုသည့် လင်မယားနှစ်ယောက်ရှိ့ကြသည် ။ နှစ်ယောက်စလုံးစရိုက်ကြမ်းကြပြီး ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်စားသောက်ကြသည် ။ ကိုကု လားက အရက်ကိုစွဲစွဲမြဲမြဲ သောက်သူဖြစ်ပြီး နွားသတ်သမားတစ်ဦးလည်းဖြစ်သည် ။ သူသည် ထိုနယ်တစ်နယ်လုံးမှာ နွားသတ်အကျွမ်းကျင်ဆုံးနှင့် နွားသတ်သမားလောကတွင် ဘွဲ့ထူးအစုံ ရထားသူလဲဖြစ်သည် ။ သူတို့အရပ်တွင် နွားသတ်သမားများ၏ ကဏ္ဌကလည်း အရေးပါလှသည် ။

နွားသတ်သမားဆိုရုံနှင့်လည်း တော်ရုံနှင့်တော့ မပြီးပေ ။သူအဆင့်နှင့်သူ ဘွဲ့ထူးဂုဏ်ထူးများလည်း ရှိ့ကြသည် ။ ထိုကဲ့သို့ဘွဲ့ထူးဂုဏ်ထူး တစ်ခုခုရထားမှလည်း နွားသတ်သမားကောင်းဟု အသိအမှတ်ပြုကြသည် ။ အကောင်းဆုံးနွားသတ်သမားတစ်ဦးထံမှာလည်း တပည်ခံချင်ကြသူတွေလည်း များသည် ။ ထိုအထဲမှာမှ အတော်ဆုံးတပည့်တစ်ယောက်နှစ်ယောက်ကို နွားသတ်ဆရာ၏ လက်ထောက်အဖြစ်ထားရှိ့တယ် ။ ထိုကဲ့သို့ လက်ထောက်အဖြစ်နဲ့ နှစ်များစွာကြာအောင်လုပ်ခဲ့ပြီး နွားအကောင်ရေများစွာ သတ်ဖြတ်ခဲ့ပြီးမှ နွားသတ်ဆရာ အဖြစ်သို့ရောက်ရှိ့ကြသည် ။


   ထိုအလုပ်မှာ အရင်းမစိုက်ရသော အလုပ်ဟု ယူဆထားကြသော်လည်း အကုသိုလ်များလှပြီး ဘေးအန္တာရယ်လဲ သိပ်များသည် ။ နွားသတ်သောနေရာသို့ ရောက်လာသော တစ္ဆေ သရဲ ဖုတ် ပြိတ္တာ ဘီလူးတို့အန္တာရယ်ကလည်း ကြောက်စရာအလွန်ကောင်းလှသည် ။ သို့ကြောင့် နွားသတ်သမားများမှာ နွားသတ်ပေးရုံနှင့်မပြီး ။ အမှောင့် ပယောဂ အနှောင့်အရှက်များကိုလည်း အနည်းအပါး ဖယ်ရှားပေးနိုင်ကြသည် ။


 တစ်နေ့တော့ ကိုကုလားမှာ အနှောင့်အရှက်ဝင်လာသည် ။ ညအချိန်သူတစ်ယောက်ထဲ အိပ်နေစဉ် အိမ်ထရံကို တဗုန်းဗုန်းနှင့် လာပုတ်သဖြင့် နိုးလာသည် ။


  " ဘယ်သူတွေလဲကွ " အိပ်ချင်မူးတူးအသံဖြင့် မေးလိုက်သည် ။


   " ဗုန်း…ဗုန်း…ဗုန်း…"


" ဘာကိစွရှိ့လို့ ဒီလောက်လာထုနေတာလဲ နွားသတ်စရာရှိ့ရင် မနက်လင်းမှသတ်ပေးမယ် ။ ဒီအချိန်မကောင်းဘူး "


    သူစိတ်ထဲမှာ နွားသတ်ပေးရန် လာနိုးနေသည်ထင်သဖြင့် ပြောလိုက်ပြီး ပြန်အိပ်ရန်ပြင်သော်လည်း မရပြန်ပေ ။ ဒီတစ်ကြိမ်တော့ အိမ်ထရံကို ပုတ်ရုံသာမကပဲ အိမ်ပြိုမတတ် အိမ်ကိုဆွဲလူပ်နေပြန်သည် ။


  " ဝုန်း…ဝုန်း…ဝုန်း…"


" ဘယ်ကလူတွေလာပြီး နှောင့်ရှက်နေတာလဲကွ "


   သို့ကလိုပြောရင်း ခေါင်းရင်းမှာဆောင်ထားသော လှံကိုဆွဲယူပြီး နေရာမှထကြည့်လိုက်သည် ။ အိမ်ပေါက်ဝမှာ ရပ်နေသူက လူမဟုတ်ပေ ။ ဘီးလူးမျက်နှာမျိုးနှင့် ကြောက်စရာကောင်းသော မကောင်းဆိုးဝါး တစ်ကောင်ပင်ဖြစ်၏ ။ လူနှစ်ရပ်ခန့်မြင့်ပြီး တစ်ကိုယ်လုံး အမွေးရှည်များက ဖုံးထားသည် ။ မျက်လုံးနှစ်လုံးက နီရဲနေပြီး ကျယ်လှသောပါးစပ်ထဲမှ အစွယ်များငေါထွက်နေသည် ။ ကိုကုလားမှာ သရဲသဘက်များနှင့် အမြဲတွေ့မြင်နေသူ ဖြစ်သဖြင့် ကြောက်လှန့်တတ်သူတော့ မဟုတ်ပေ ။


   " မင်း ဘာကောင်လဲ "


 " …………………… "

အသံသြသြကြီးဖြင့် ပြန်ပြောသည် ။


" မြေဖုတ်ဘီလူးက ငါ့ဆီဘာလာလုပ်တာလဲ "


" ………………………… "

"ငါတို့ဆီမှာနေချင်လို့ ဟုတ်လား "


 " ……………………… "


" ဘာ ငါတို့ဆီမှာမနေရရင် ငါ့ကိုစားမယ် ဟုတ်လား ။ ငါ့ကိုတော့ စားလို့မရဘူး ။ လှံစာပဲ ကျွေးလိုက်မယ် ။ 


   သို့ကလိုပြောပြီး လက်ထဲမှ လှံဖြင့်ထိုးလိုက်သည် ။ သို့သော် ဖွဲအိတ်ကြီးထိုးရသကဲ့သို့ ကျွံ့့ဝင်သွားသည် ။စိတ်မကျေနပ်သဖြင့် ဓားဖြင့်ထွတ်ခုတ်တော့လဲ အရာမရောက်ပေ ။ နောက်ဆုံးဘယ်လိုမှနှင်ထုတ်၍ မရတော့သဖြင့် လာနေချင်လဲ လာနေ ဟု ပြောလိုက်တော့မှ ထွက်သွားလေတော့သည် ။

   

    ထိုသို့ဖြစ်ပွားပြီး များမကြာမီ မနီမှာပထမဦးဆုံး ကိုယ်ဝန်ကိုလွယ်ထားရလေပြီ ။ ထိုအချိန်မှစ၍ မနီအစားအသောက်ကြမ်းလာတယ် ။ သားစိမ်းငါးစားများသာ စားသောက်လိုသော ချင်ခြင်းရှိ့လာသည် ။ အမဲသားဟင်းများချက်လျှင် တစ်ပွက်နှစ်ပွက် ဆူရုံမျှနှင့် စားသောက်တတ်သည် ။ အမဲသားဟင်းများမှာ မကျက်ပဲနှင့် အစိမ်းအတိုင်းရှိ့နေရာ တစ်ချက်ကိုက်လိုက်တာနှင့် သွေးစသွေးနများပင် ထွက်လာ၏ ။ မနီကထိုသို့စားရသည်ကို များစွာသဘောကြသည် ။ ကိုကုလားကလည်း "စားချင်တာသာစား ဗိုက်ထဲက ကလေးအားရှိ့တာပေါ့"ဟုပဲပြောသည် ။ သို့သော်လည်း ကိုယ်ဝန်ရင့်မာလာချိန်တွင် မနီ ဘယ်လောက်ပဲစားစား အသားမဖြစ်တော့ပဲ တစ်နေ့တစ်ခြား အရိုးပေါ်အရေတင်သာ ပိန်းချုံးကြလာသည် ။ထိုကဲ့သို့ လူရုပ်မပေါ်တော့ပဲ ကမ္မဋ္ဌာန်းရုပ်ကဲ့သို့ ပိန်ချုံးကြလာသောလည်း အစားအသောက်ကတော့ မလျှော့ပေ ။ တွေ့သမျှသားစိမ်းငါးစိမ်းများကို အကုန်စား၏ ။ထိုအခါယောကျာင်္ဖြစ်သူက ပြောလိုက်သည် ။


" နင့်ဟာ ဖုတ်များဝင်နေရော့သလား ။ ခါတိုင်းထက်လည်းစားနေသေးတယ် ။ လူကလဲ အရိုးပေါ် အရေတင်နေပြီ "


  သို့ကလိုပြောလိုက်သောအခါ ဘာမှပြန်မပြောပေ ။


 နောက်တစ်ရက်မှာတော့ မနီတစ်ယောက် ရုတ်တရက်သေဆုံးသွားခဲ့သည် ။

 ထိုအခါ ဝမ်းဆွဲသည်များက လူကြီးသေပြီးသော်လည်း ဗိုက်ထဲမှာရှိ့သော ကလေးက မသေပဲရှိ့နေနိုင်ကြောင်း ပြောသဖြင့် ဝမ်းဗိုက်ခွဲကြည့်ကြတယ် ။ ဗိုက်ထဲတွင် ဗိုက်ဖောင်းနေပြီး သွားနှင့်အစွယ်များ ထွက်နေသော ဘီလူးလေးကို တွေ့ကြရတယ် ။ ထိုဘီလူးလေးက မျက်စိမှိတ်ကာ သေချင်ဟန်ဆောင်နေလေသည် ။ ဘီလူးလေးကို တွေ့ရတော့ မနီဘာကြောင့် သေရသည်ကို သိကြရလေတော့သည် ။ မိခင်ဖြစ်သူမနီ၏ ဝမ်းဗိုက်ထဲမှာရှိ့သော ကလီစာအချို့နှင့် အသွေးအသားတို့မှာ ဘာမှမရှိ့တော့ပေ ။ အသွေးအသားများ ခမ်းခြောက်နေပြီး အရိုးနှင့်အရေသာ ကျန်တော့သည် ။ ဗိုက်ထဲမှာရှိ့သော ဘီလူးလေးကတော့ စိုပြည်ကြီးထွားပြီး ဝမ်းဗိုက်မှာလည်းဖောင်းကားနေလေသည် ။ ဘီလူးလေးလည်း သေနေပြီထင်သောကြောင့် လူကြီးရောကလေးပါ သုသာန်သို့သွားကာ မြှပ်နှံ့လိုက်ကြလေသည် ။ 

   ထိုသတင်းက တစ်ယောက်စကားတစ်ယောက်ကြားဖြင့် တောမီးလောင်သကဲ့သို့ ချက်ချင်းပင် ပျံ့နှံ့သွားတယ် ။ အဲ့ဒီနောက် နှစ်ရက်သုံးရက်ကြာသောအခါ အခြားရွာမှာ ပယောဂ ဆရာတစ်ယောက်ရောက်လာရင်းမေးမြန်းတယ် ။


   " မင်းတို့ဘီလူးလေးကို ဘယ်လိုမြှုပ်လိုက်ကြသလဲ "


  " ဒီအတိုင်းပဲ မြေကျင်းတူးပြီး မြှပ်ထားခဲ့တာပဲ "


" ဒီလိုမြှပ်ခဲ့လို့ မပြီးဘူး။ တကယ်လို့ ဘီလူးမှန်ရင် ခုနှစ်ရက်ပြည့်တာနဲ့ ပြန်ထလာလိမ့်မယ် ။ အဲ့ဒီလိုပြန်ထလာပြီးရင် တစ်ရွာလုံး ဘီလူးစားလို့ သေကုန်ကြလိမ့်မယ် "


" ဒီတော့ ဘယ်လိုလုပ်ရမလဲ"


" အလောင်းကို ပြန်ဖော်ပြီးတော့ သုံးပိုင်းပိုင်းပစ်ရမယ် ။ အဲ့ဒီလို ပိုင်းပြီး တစ်ပိုင်းစီကို တစ်နေရာစီခွဲမြှပ်မှသေမှာ " ဟုပြောသဖြင့် သုသာန်သို့ တစ်ခေါက်ပြန်သွားကာ မြှပ်ထားသော အလောင်းကို ပြန်ဖော်ကြည့်ကြသည် ။ သူတို့မြှပ်ထားခဲ့စဉ်က အလောင်းမ ပက်လက်အနေအထားဖြစ်သော်လည်း ယခုပြန်တူးကြည့်တော့ ဘေးစောင်းအနေအထား ဖြစ်နေပြီး တစ်ကိုယ်လုံးလည်း အမွှေးများထွက်စပြုနေလေသည် ။ သို့ဖြင့် သုံးပိုင်းပိုင်းရန် ပေါက်တူးဖြင့် အပေါ်သို့ဆွဲတင်လိုက်သောအခါ မျက်လုံးတစ်ချက် ဖွင့်ကြည့်လေသည် ။ မျက်လုံးမှာနီရဲနေသောကြောင့် နံဘေးမှာရှိ့နေသူများပင် လန့်ဖျပ်ပြီး နောက်သို့ဆုတ်သွားကြသည် ။ အရက်မူးနေသော ကိုကုလားကတော့ ထွေထွေထူးထူးတွေးမနေတော့ပဲ ဓားဖြင့်သုံးပိုင်းပိုင်းဖြတ်လိုက်သည် ။ကိုယ်မှထွက်လာသော သွေးများမှာ သွေးစိမ်းရှင်ရှင်များဖြစ်ပြီး ကလေးဝမ်းဗိုက်ထဲမှ မိခင်၏ အူ အသည်း နှလုံးများကို စားသောက်ထားသော အပိုင်းအစအချို့ကိုလည်း တွေ့ကြရသည် ။ သုံးပိုင်းခွဲပြီးမြေမြှပ်ပါက ပြန်ဆက်ပြီးထလာမည်ကို စိုးကြသဖြင့် မီးရှို့ဖျတ်ဆီးပစ်လိုက်ကြသည် ။ ညဘက်ရောက်တော့ ကိုကုလားမှာ အရက်မူးမူးနှင့် အိပ်ပျော်နေစဉ် အိမ်မက်မက်လေသည် ။ အိမ်မက်ထဲမှာ ဘီးလူးတစ်ကောင်က ရောက်လာပြီး ကြိမ်းမောင်းပြောဆိုလေသည် ။ ' နင်တို့ကံကောင်းလို့သာ ငါ့လက်က လွှတ်သွားကြတယ် မှတိပါ ။ ငါလာတုန်းက တစ်ရွာလုံးကို စားမလို့ လာခဲ့တာ" ဟုပြောဆိုကြိမ်းမောင်းပြီး ပျောက်ကွယ်သွားလေတော့တယ် ။


                         ဆုံကြအုံးမယ်ကွယ်


                                                   ထွဋ်ခေါင်( အိမ်မဲ )

#လေးစားစွာCreditပေးပါတယ်

ဖုတ်သရဲဆိုသည့်မှာ

 ``ရောင်ပြန်´´

.....................................................

 .................................. #ပရဝတ္ထုတို

 ဖုတ်သရဲဆိုသည့်မှာ မိစ္ဆာ ပယောဂတမျိုးတစားပင်ဖြစ်သည်၊

လတ်တလော သေဆုံးတတ်သောသူများအားမှီခိုကောင်းလျက်





လူကောင်းပတိက့ဲ့သို့ပင်..အသက်ရှင်လျက်နေထိုင်ကြလေသည်..

တချို့သူများက. သေဆုံးပြီးနောက်ဖုတ်သက်ဝင်ပြီး..လူမူကိစ္စအဝဝတို့ကို လုပ်ကိုင်ဆောင်ရွက်နေတတ်ပေသည်၊

တစ်ချို့မှာလည်း .အိပ်ရာ၌..လဲလျောင်းလျက် လူမမာဟန်ဆာင်ပြီးလျှင်..လူများကိုဒုက္ခအမျိုးမျိုး ဖန်တီးပေးတတ်သည့်ပြင် ..လအပိုင်းခြား၊ နှစ်အပိုင်းခြား

လူသားနဲ့အတူနေထိုင်ကြပြီး.သားသမီးများမွေးဖွားတတ်ကြလေသည်။


တစ်ချို့မှာ အဝတ်အထည်ကောင်းများကို အလွန်နှစ်သက်၍

တစ်ချို့မှာ အစားအသောက်ကောင်းများကို နှစ်သက်ကြလေသည်....


၎င်းတို့အားနှိမ်နင်းနိုင်မည့်ဆရာများကို ပင့်ခေါ်မည့်ဆိုလျင်

သနားသဖွယ်ကောင်းလှအောင်..မာယာများကာ ဟန်ဆောင်ပြုမူကြလေသည်၊ ၎င်းတို့အား နိုင်မည့်ဆရာမဟုတ်လျင်..မည့်သို့မျှတုန်လူပ်ခြင်းမရှိပဲ....

ဆရာလုပ်သူ၏လုပ်သမျှကို .မခံလေးစားပြုမူတတ်

ကြသည်၊


ဖုတ်သရဲ သို့မဟုတ်..ဖုတ်ပြိတ္တာတို့မှာ.တစ္ဆေ သရဲ ဘယတ်ကဲ့သို့့လူသားများကို ခြောက်လှန့်ခြင်းမရှိပဲ များသော

အားဖြင့် လတ်တလောသေဆုံးတတ်သူများ၏..ကိုယ်ခန္တာကိုအမှီပြုပြီး..ဝင်ရောက်မှီကပ်နေသည်သာဖြစ်လေသည်...

........................................................................

ဗဟုသုတများကို..ကျွန်တော်တို့ဆရာကြီးဦးမြင့်သန်းဝင်း က..တစ်နေ့မရိုးအောင်.လေကုန်ခံကာ

မမောနိုင်မပန်းအောင်..ပြောပြတတ်လေသည်..

ဆရာကြီးပြောစကားများကို စိတ်ဝင်တစားနားထောင်နေရင်း


``ဆရာကြီး..ဆရာကြီး..´´ရေးကြီးသုတ်ပျာ ဖြင့်..

လှန်းအော်သံကြောင့်....


ပြောလက်စ စကားများ ခဏရပ်ကာ

အောက်ထပ်သို့ဆရာအပါအဝင် ကျွန်တော်ပါဆင်းလာခဲ့

လေသည်..


အောက်ထပ်ရောက်တော့..၂၀ခန့် ရှိ မိန်းမပျိုတစ်ဦးကို

ယောက်ကျားသား ၅ယောက်က ကြိုးတွေနဲ ချည်နှောင်ထားဒါတွေ့ရတော့..ဆရာကြီးက..ကြိုးများကိုဖြေစေ၍

လူများကို ဘေးသို့ရွှေ့စေကာ...အာဏာဖြင့်ချုပ်ထားလျက်

မေးမြန်းစစ်ဆေးရလေသည်၊


""မင်း ဘယ်သူလဲ ဘာကြောင့်..လူမိန်းကလေးကို နှိပ်စက်ရတာလဲ ပြောစမ်း""


``ဒီကောင်မကိုလား ကျွန်ပ်ကြိုက်လို့ မှော်အတတ်ပညာနဲ့

ကျွန်ပ်အလို ဆန္ဒ ရှိတဲ့အတိုင်း ပြုလုပ်ထားဒါ၊ ကျွန်ပ်လဲ ဆရာပဲ..ဆရာအချင်းချင်းဘာလို အနှောင့်အယှက် ရတာလဲ´´


လဲဟုပြောပြီး တစ်ဘက်သို့လှည့်သွားလေသည်၊


ဆရာကြီးက..ကမခန့်လေးစားဖြင့်.တစ်ဘက်သို့လှည့်သွား

တော့....

အာဏာဖြင့်.

``တဘက်သို့မလှည့်ရဘူး..ငါ ဘက်

ကိုလှည့်စမ်း.ဟု.အမိန့်ပေးလိုက်လေသည်´´


အမ်ိန့်အတိုင်း.လှည့်သော်လည်း

မျက်တောင်ရဲကြီးဖြစ်..စောင်းကြည့်မိလေသည်၊


ဆရာကြီးက..ထိုမြင်ကွင်းကြောင့် ဒေါသအနည်ငယ်ထွကိလာ

ကာ..

``အံမယ် ..မင်းလို ကောင်ကများ၊ ငါတို့လို အထက်လမ်း ဂိုဏ်းဝင်ဆရာများက..သူ့တပါးကို ကယ်ဆယ်ပေးနေကြတာ

မင်းတို့လို့..သူ့တစ်ပါး..သားပျို၊ သမီးပျို၊ လင်ရှိမယားများကို

ပင် ချမ်းသာခွင့် မပေးပဲ နှိပ်စက်ပျက်စီးနေကြတာ..ဒီလိုယုတ်မာတဲ့ကောင်ကို.ဆရာဟုမခေါ်ရဘူး၊

မိစ္ဆာ အပါယ်စာတွေဘဲ၊ အဲ့ဒီတော့ .ကြာတယ်ကွာ..´´ဆိုပြီ

ဆရာကြီးနူတ်ကနေ


.."သိကြားမင်း၊စီးသည့် နာဂဝင် ဆင်တော်က ပြည်ကျော်အောင် ဒီလူယုတ်မာကို နင်းလိုက်စမ်း" ဟု

အမိန့်ပေးလိုက်တော့..


ထိုအမျိုးသမီးဝင်ပူးနေတဲ့ အောက်လမ်းဆရာကြီးခေါင်းအနည်းငယ် သာ အောက်သို့့ညွှတ်ကျသွားပြီး..ကိုယ်အောက်ပိုင်းက မကျ၊


ထ်ိုကြောင့်ဆရာကြီးက ထပ်မံ.."ဆင်တော်က ဒီလူယုတ်မာကို

ပင် ပြားနေအောင် မနင်းနိုင်ဘူးလား"ဟု

အမိန့်ပေးလိုက်တော့..


တောင့်တင်းခိုင်မာနေတဲ့ လက်နှစ်ဘက်မှာခွေကျပြီး

ကြမ်းပြင်တွင်ပြားလျက်နေတော့သည်။

 ခဏအကြာ..တွင်.အောက်လမ်းဆရာကြီးက..


``ကျွန်ပ်လို မှော်အတတ်တွင် တဘက်ကမ်းခတ် တတ်မြှောက်

သည့် ဆရာကို ဘာရမလဲ၊.မှော်အတတ်နဲ့ခံထားဒါပေါ့

ခုကြည့်ထား.ဒီဆင်ဆွယ်ကိုကျွန်ပ် ရိုက်ချိုးပြမယ်´´

စသည့်ဖြင့် ပြောကြားလျင်..


"အံမယ် မင်းက ငါတို့လိုအထက်လမ်းဆရာကိုပင် ဘွန်းလှန်နေမှဖြင့် ငါကလဲဒဏ်ပေးရတော့မှာပဲ၊ မင်းကောင်းကောင်းဝန်ခံလျင်.ငါ က ဒဏ်မပေးပါဘူး၊

လူနာကို ပျောက်ကင်းအောင်ကုသကယ်ပေးယုံဘဲ.."

စသည့်ဖြင့် ဆုံးမသော်လည်း၊ ..နာယူခြင်းမပြုပါ


ထိုကြောင့်ဆရာကြီးက


``မင်းရဲ့အတတ်ပညာတွေ ဘာမှ

သုံးမရပါစေနဲ့..ဆင်တော်က အစွယ်ဖြင့်နံဘေးကိုထိုးပြီး

လှန်လိုက်´´ဟုမိန့်ပေးလိုက်လေသည်၊


ထိုအမျိုးသမီးမှာ ကျယ်လောင်စွာအော်ဟစ်ကာ

ပတ်လက်လန်၍ လဲသွားလေတော့သည်၊


ဆရာကြီးလဲ ဆက်လျက်၍.

ခွာနှင့်နင်းခိုင်းခြင်း၊ အစွယ်ဖြင့် ထိုးခိုင်းခြင်းများကို

အာဏာဖြင့်အမျိုးမျိုးစေခိုင်းတော့..ထိုဝင်ပူးနေတဲ့

အမျိုးသမီးမှာကြောက်ရွံစွာ အော်ဟစ်လူးလိမ့်နေမိတော့သည်၊


ကဲ မင်းဘယ်သူဆိုတာပြောမှာလား..ငါတို့က ကြားဆရာ၊

မြင်ဆရာမဟုတ်အတွက်ကြောင့်..မသိရဘူး....ဘယ်လို့ကြောင့် ဒီလိုလုပ်တာလဲ..


"ဟင်ဘယ်ရမှာလဲ..ကျွန်ပ် ကဒီကောင်မလေးကို ကြိုက်လို့

ကျွန်ပ်ပညာနဲ့လုပ်ထားဒါ၊ ဘယ်ဆရာမှ နှောက်ယှက်လို့မရဘူး။ ဒီကောင်မလေးကို ကျွန်ပ်နဲ့ပေးစားရမယ်၊ မပေးစား

ရင် အသက်နဲ့ကိုယ်အတူတူမထားဘူး၊တစ်ခါထဲ လိပ်ပြာနူတ်

သွားမယ်၊ဒီအပြင်ကောင်းမလေးတွေကိုတော့ ကျွန်ပ်သဘောကျရင် အတတ်ပညာနဲ့ဗူးသွင်းပြီးစုန်းဖြစ်အောင်


လုပ်ပေးခဲ့တယ်.၊ကျွန်ပ်အလိုလဲပြည့်စုံတယ်၊


ဒီကောင်မလေးကျမှ..ခေါင်းမာလို့ခုလို မှော်ပညာသုံးပြီးကိုယ်တိုင်လုပ်ထားရတာ..စသည့်ပြောကြားတော့...


၎င်း မိခင်ကြီးမှာ...သမီးလေးအတွက် စိုးရိမ်းကာ


``ကယ်ပါအုန်း ဆရာကြီးရယ်..

ကျွန်မသမီးလေးကို ..ဒီယုတ်မာလူနဲ့မပေးစားနိုင်ပါဘူး

ဆရာကြီးဆီ ..အပ်ပါတယ်´´


အဟင့်.ဟင်း....


ဆရာကြီးက.ထို.အမျိုးသမီးကြီးကို..စိတ်အေးအေးထားဖို့

ပြောကြာရင်း..


ကြိမ်လုံးငယ်တစ်လုံးတောင်းယူကာ

" ငါ ကိုင်သည့် ကြိမ်လုံးသည် ဆေးကြိမ်လုံးဖြစ်ရမည်၊

ကြိမ်တစ်ချက် ရိုက်လျင်အချက်တစ်ရာမက နာကျင်ရမည်၊

စသည့်ဖြင့် အမိန့်ပေးကာ..ကြမ်းပြင်သို့ရိုက်လိုက်ရာ

အစွဲပူးကပ်နေသော မိန်းကလေးသည်..ကြမ်းပြင်သို့

လူးလိမ့်စွာခံနေရလေသည်၊


ကြိမ်ချက် ၃ကြိမ်တိုင်အောင်..ရိုက်ပြီးမှ

ထိုမိန်းလေးထံမှာ..'ကြောက်ပါတယ် .ဆရာကြီးရယ်

ကြောက်ပါတယ်..ကျွန်တော် ဘယ်သူဘယ်ဝါဆိုတာ

ပြောပြမယ်"


"အေး..ပြော..ဘယိရွာက.လဲ"


...လွန်ခဲ့သည့် ၃ လလောက်က...ဒီရွာကျွန်တော်ရောက်ခဲ့ပါတယ်...


ဆရာဆိုတော့ ဒီရွာမက.အခြားရွာကပါ..လာရောက်

မေးမြန်းကြတယ်၊ ကျွန်တော်ကလဲ ပထမတော့

သူတော်ယောင်ဆောင်က..ဘုရားမီးပုဇော်၊

ဘုရားရှိခိုး ဟန်ဆောင်ကာ..ရပ်ရွာထဲက..ယုံကြည်မူကို

အရင်ယူပြီး..ရောဂါဝေသနာ.ရှိမရှိ..လာရောက်မေးမြန်း

ကြသည့်အတွက်..ရောဂါမရှိသော မိန်းကလေးများကို ကျွန်နော်ရဲ့ မှော်အတတ်ပညာနဲ့..ကျွန်တော်မေးတိုင်း

ပြောတိုင်းရအောင် လုပ်ခဲ့တယ်...နောက်ပညာသင်ကြား

ပေးမယ်ဆိုပြီး..အဓမ.ကျင့်ခဲ့တယ်...တစ်ချို့မှာလပြည့်

လကွယ်နေ့ ညအချိန်ဆို....ကျွန်ပ်ဆီလာရောက်ပြီး

ပညာသင်ယူကြတယ်...၊

ဒီကောင်မလေးကျတော့..တရုပ်ကပြားမလေးဖြစ်ပြီး

အသားရေ..က.ဖြူညိုပြီး..အရမ်းချစိစရာကောင်းတယ်

ကျွန်ပ်နော်လဲ မျက်စိကျကာ..လူကိုလိုချင်လို့အခုလို

လုပ်ထားဒါပါ.၊..


ကျွန်ပ်တော် အစက ဒီလောက်စွမ်းလိမ့်မယ်ဟု ဆရာကြီးကို

ထင်မထားဘူး၊..ဒါကြောင့်မို့ကျွန်တော်ပညာအစွမ်းနဲ့

အခုလို ခုခံမိတာပါ..၊.ကျွန်တော်ပညာစက် တချက်လွတ်လိုက်လျင်၊ ဆရာဟာ.တစ်ချက်တည်း ဘုံးကနဲ 

ကျသွားတာ ချည်းပဲ၊.

ကျွန်နော်ဒီရွာရောက်လာလျင်လဲ..ဒီရွာက ပညာသည်တွေလဲ

ကူညီကြတယ်၊ ကျွန်တော်ကိုလဲလေးစားကြတယ်။

နတ်၊ သရဲဆိုတာ ကျွန်တော်အစေခံအတိုင်းပါပဲ...


ခု..ဆရာကြီးကျမှ..ဘာစက်မှလဲ လွှတ်မရ၊သရဲ တို့နတ်တို့့ဆိုတာ..ဆရာအနား တောင် မလာရဲဝံ့ကြဘူး။

ဆရာကြီးကို တွေ့တာနဲ့ပြေးကြတာပဲ၊ ကျွန်တော်မှလည်း

ပြောသာပြောရတာ ဟန်ပဲကျန်ပါတော့တယ်၊

့ခုလဲ.ဆရာတို့ဒဏ်ခတ်ထားလို့ကျွန်တော်ကိုယ်လဲ စိစိညက်ညက်ကို ကျေနေပါပြီ"စသည့်ရှည်လျားစွာ ဖြေလေ

တော့သည်။


မင်းရဲ့ပညာက လောကမှာလဲမကောင်း၊ သံတရာမှာလဲ

မကောင်းနဲ့၊ အဲ့ဒီတော့မင်းတို့ရဲ့ ပညာတွေကို စွန့်ပစ်လိုက်ပါ၊


"ဆရာကြီးရယ်..ကျွန်တော်ဒီပညာကို ယူစဉ်ကတည်းက

သူ့တစ်ပါးအား နှိပ်စက်ညှင်းပန်းပြီး မကောင်းတာတွေကို များ

များလုပ်မှ..ကျွန်တော်တို့ရဲ့မှော်ပညာ တိုးတတ်ပါတယ်ဆရာကြီးရယိ၊ 

သူတော်ကောင်းအလုပ် မဟုတ်မှန်းတော့သိတယ်၊ ဒါပေမယ့် 

ဒီဘဝ ဒီကိုယ်နဲ့စံပြီး နောက်ဘဝ နောက်ကိုယ်နဲ့ ခံပါတော့မယ်။


ဆရာကြီးကဆက်လျက်၍

 ................"မင်းကို တရားပြလို့ တော့ ရမှာမဟုတ်ဘူး

တို့ကိစ္စက ဒီမိန်းကလေးဟာ မင်းရဲ့စက်က လွှတ်ပြီး

မိမွေးတိုင်း ဘမွေးတိုင်း အကောင်းပတိငါလိုချင်တယ်၊

အကယ်၍မင်းထွက်ခွာသွားရင် ဒီမိန်းကလေးဟာ ကောင်းသွား

နိုင်လား .နောက်ပြီး မင်းရဲ့စက်ပညာတွေကိုလဲ မင်းနူတ်ယူ

သွားရမည်"


ကျွန်တော် နူတ်နိုင်သည့်စက်ပညာတွေကိုတော့ ပြန်လည်

နူတ်ယူသွားပါမည်၊ .နူတ်ယူ၍ မရနိုင်သည်ကိုတော့ ဆရာကြီးတို့ရဲ့အထက်ပညာနဲ့ကုသပေးပါတော့၊ ဒီကောင်မလေးလဲ သနားစရာ ကောင်းနေပါပြီး ၊ ကျွန်တော် 

ညှင်းဆဲးထားလို့ မအိပ်နိုင် မစားနိုင်နေရတာ ၁၅ရက်ရှိပါပြီး


"သြ " မင်းက သနားရမှန်းသိလာသကိုး၊ မင်းနှိပ်စက်လို့

အားရမှပဲ

ဲ "ကဲ ကြာတယ် ..ရတနာသုံးပါးကို ဦးခိုက်၊

ငါကိုလည်း ဦးခိုက်ပြီး ခလေးမလေးတွင် မည်သည့်ဒဏ်ရာဒဏ်ချက်များကို မထားခဲ့ရဘူး၊

မင်းနှင့်တပါတည်း ယူဆောင်သွားရမည်" စသည့်ဖြင့်

အမိန့်ပေးလိုက်သည့်နှင့် တပြိုင်နက် မိစ္ဆာ ပယောဂ ပူးကပ်နေတဲ့ မိနိးကလေးမှာ ခွေယိုင်လဲကျသွားပြီး

အချိနိအနည်းငယ်ကြာမှ..သွေးဆေးနှင့် မာလာကာရွက်ကို

ရော၍ ချေပြီးလျင် နှာခေါင်းဝတွင်ထား၍ ..ရှူစေမှ..သတိ

ရလာလေတော့သည်...


၎င်း နောက် ဆေးတိုက်ကျွေးခြင်း၊ ချွတ်လွှတ်ပေးခြင်း၊

ကိုယ်လုံ စီးနင်းပေးခြင်းဖြင့် အကောင်းပတိအတိုင်း

ထို မိန်းမပျိုလေးလဲ ကျန်းမာလာလေသည်၊


၎င်းအောက်လမ်းဆရာကြီးသည်လည်း...တစ်ကိုယ်လုံး

အပ်ချစရာပင် နေရာမရှိအောင် ဖူးယောင်ပြီး ကြပ်ထုပ်ထိုး

ရသည်ကို သွားရောက်ကြည့်ရှုသူများက တွေ့ရသဖြင့်

ပြောပြ၍ သိရပေသည်။


၎င်း အား မေးမြန်းကြည့်တော့..

ပရိယာယ်ဖြင့် ၎င်းသည်မြွေမှော်တတ်ထား၍၃နှစ်တကြိမ်

ဤကဲ့သို့ဆေးထခြင်းဖြစ်သည့်ဟုဆိုပြောပြလေသည်။


နောက်ပိုင်းတွင် သူ့၏ လိမ်ညာမူ တစ်ရွာလုံးသိလာတာနဲ့အတူ.. မောင်းမထုတ်မှီ


ပေါက်တပင်ရွာမှ ထွက်ပြေး တိမ်းရှောင်သွားလေတော့

သတည်း၊


ဤသည်ကား၊တန်ပြန်ခြင်းပင်ဖြစ်သည်၊

တဘက်မိစ္ဆာက ခုခံလေလေ ဤ မနောစိတ္တုပ္ပါဒ် ဂိုဏ်းဝင်

ဆရာတို့၏ အမိန့်အာဏာ တည်လေ ပြင်းထန်လေပင်

ဖြစ်သည်။


``ဒီလိုအကြောင်းအရာများကို စိတ်ဝင်စားရင်

နောက်ထက် ကြိုးစားတင်ပေးပါအုန်းမယ် [အားပေးမူကို

အထူးကျေးဇူးတင်ရှိလျက် ]´´

•••••••••••••••••••••• #ဖြစ်ရပ်မှန်


#အလင်းရောင်

#လေးစားစွာCreditပေးပါတယ်

ဘုန်းကြီးတစ္ဆေ

 ဘုန်းကြီးတစ္ဆေ

💢💢💢💢💢💢💢



မြန်မာပြည်လွတ်လပ်ရေးရပြီးကာလတုန်းက

ဂျပန်တွေ ဆောက်လုပ်သွားတဲ့ ၅ထပ်ကျောင်းဆောင်ကြီး

တစ်ဆောင်ရှိလေသည်၊


် ကျောင်းဝန်းကြီးက ကျယ်ဝန်းသလို. .

ကျောင်းဆောင်ကြီးကလဲ ခန့်နားလည်ဝါလှပါတယ်၊


ဒကာကြီး ဦးကံမြင့် ဒကာမကြီး ဒေါ်ညုပ်စိတို့က

ဒါနကုသိုလ်အဖြစ်

သံဃာအရှင်မြတ်တွေ စာသင်ကျောင်းအဖြစ်ဖွင့်လွင့်ခဲ့ပြီးဖြစ်၍

နယ်ဝေးက သံဃာတွေတော် တွေ. .အတွက် စာပေများလာရောက်. သင်ယူကြလေသည် ။


ရဟန်းသံဃာတော်ပေါင်း .၃ရာ ရှိမည်ဟုခန်းမှန်းရပါတယ် . .

နယ်ဝေးကနေလာတဲ့ တစ်ချို့ကိုယ်တော်တွေက. .

အဲ့ကျောင်းဆောင်မှာပဲ နေပြီး ပညာသင်ယူကြလေသည်၊


အလှူဒါနလဲ ပေါကြွယ် လှတာကြောင့်

တစ်ချို့ကိုယ်တော်တွေ ကိုရင်ငယ်တွေ မိမိကျောင်းကို

ပြန်ဖို့ တောင် .မေ့နေကြပြီး. . .


စာသင်ချိန်ပြီးတာနဲ့့အတူ. . ကိုယ်ဝါသနာပါတဲ့ ဘောလုံးကန်

ခြင်းခက် ကစားနည်းမျိုးစုံနဲ့ကစားကြလေသည်...

အပင်အပူမရှိတဲ့.ဒီကျောင်းဝနိးကြီးမှာ. . ပြန်ဖို့မေ့နေကြတာ

မဆန္​းပါဘူး. ..


၇ရက်တိတိကျောင်း ပိတ်သည့်အတွက်ကြောင့်....


နယ်နီး နယ်ဝေးက ဆရာတော်တွေအများစုက

မိမိအရပ်သို့ လှည်း ၊ မြင်း များစီး၍ ပြန်ကြလေသည်။


ကျောင်းဝန်းထဲမှာ. .

ကျန်ရစ်ခဲ့ကြတဲ့ကိုယ်တော်တွေကတော့ 

မိဘ မရှိတဲ့ ကိုယ်တော်တွေပါရှိကြသလို. ..

တစ်ချို့က တိုင်းရင်းသားအများစုဖြစ်ကြပြီး

မိမိဒေသသို့ပြန်ဖို့စားရိတ်ကြီးတာကြောင့်

ဒီကျောင်းဝန်ထဲ မှာပဲ ဆက်နေကြလေသည် ။


အဲ့ထဲမှာ အသက်၃၀ကျော် ဆရာတော်တစ်ပါးလဲရှိလေသည်


ဆရာတော်နာမည်က ဗန်းမော်. . .

တိုင်းရင်းသားမဟုတ်ပါ ဗမာလူမျိုးဖြစ်လေသည်. အေးဆေးစွာနေထိုင်တတ်၍. .


တစ်ပါးထဲ တရားအားကျင့် တရားထိုင် ပရိတ်ရွတ်

အလုပ်တွေနဲ့ပဲ အချိန်ကုန်ခဲ့ပြီးမဟုတ်လား. . 


ငယ်ရွယ်သူတွေကို လိမ္မာအောင်သင်ကြားပေးပြီး. .

ညဖက်ဆို ပုံပြင် ဘုရားဇာက်ထုတ်အကြောင်းများ ပြောပြပေးတာကြောင့်. 

. .

အခြားသောတိုင်းရင်းသားကိုရင်တွေရဲ့လေးစားခြင်း၊

ချစ်ခင်ခြင်းခံရလေသည် ။

💥💥💥💥💥💥💥💥💥💥💥💥

တစ်ရက် . .ညည့်နက့်. .အချိန်တွင်. .

အားလုံးအိပ်မောကြနေဆဲးဖြစ်နေသော်လည်း

တစ်ပါးထဲ အိပ်မပျာ်ဖြစ်နေတဲ့ ကိုရင်လေး ဝိရဟာ

အိပ်ရင်းက ထလာကာ ဗိုက်လေးပွတ်ရင်း

ဘေးနားက အိပ်ပျော်နေတဲ့ ကိုရင်းတစ်ပါးအား

လက်တိုပြီး လှမ်းနိုးလိုက်လေသည်. . .


"အရှင် သောဓိက အရှင်သောဓိက "


လူပ်ခက်ရင်းနိုးသံတွေကြောင့်

လက်လေးဖြင့်. .မျက်နှာပွတ်ပြီး ထလာလေသည်

 "ဘာများဖြစိလို့လဲ ဝိဟာရ "


ငါ ဗိုက်အရမ်းဆာနေလို့


သောဓိက လဲ ခဏထထိုင်ကာ

ခေါင်းလေးကုတ်ရင်း "အေး ငါလဲဗိုက်ဆာတယ်"

"

နေအုန်း ဟိုကိုတော် တစ်ပါးနိုးလိ်ုက်အုန်းမယ်"


ပြောရင်နဲ့ သောဓိက သူ့ခေါင်းရင်းဘေးနားက 

အိပ်ပျော်နေတ်ဲ့ ကစားဖက် တစ်ဦးအား ထပ်နိုးလိုက်လေသည်. .


အကြံတူဖြစ်သည့်အတွက်ကြောင့်

၃ပါး လုံးတိုင်မင်ပြီး 

မီးဖိုချောင်း ရှိတဲ့ အာက်ထပ်သို့ဆင်းလာကြသည။် 


အောက်ထပ်က အနည်းငယ်မှောင်နေ၍ ဖြစ်၍

ကြောက်တတ်တဲ့ ခပ်ဝဝက ကိုရင်းက 


"ငါငါ မလိုက်ရဲတော့ဘူး သရဲ သရဲကြောက်တယ်"


"ဟာကွာ ဘုန်းကြီးကျောင်းထဲ ဘယ်ကသရဲရရှိမှာလဲ"


အသံတိုတိတ်စွာ ဝိဟာရ လှန်းပြောလိ်ုက်လေသည်


သောဓိကကိုရင် က "မင်းကြောက်နေရင်း

ငါနောက်ကလိုက်ခဲ့...ရှေ့ဆုံးက ဝိဟာရကို 

သွားခိုင်းလိုက် "


အားလုံးက တတ်ညီလက်ညီနဲ့ဆင်းလာလိုက်တာ

မီးဖိုးချောင်အတွင်းသို့ ရောက်ရှိ၍ . .စတင်စားစရာများ

ရှာဖွေနေမိတော့သည်


 တစ်နေရာအရောက်. .


" ဟာ တွေ့ပြီတွေ့ပြီး"

 ဝမ်းသာအားရနဲ့သောဓိက လှမ်းခေါ်လိုက်တာကြောင့် ဟိုကိုယ်တော်နှစ်ပါးကလဲ

ပြေးလာလိုက်လေသည်. ..


"ဘယ်မှာလဲ ဘယ်မှာလဲ"


အေးနေပါအုန်းပြပါမယ်

အုပ်ဆောင်းတစ်ခုကို မမှီမကမ်းနဲ့လှန်းယူလိုက်လေသည်. .


အုပ်စောင်းတစ်ခုကို ဖွင့်ကြည့်လိုက်တော့ ခေါက်ဆွဲကြော်တွေ တွေ့ရတော့. ..


သုံးယောက်သား ဝမ်းသာစွာနဲ့ဗိုက်လေးပွတ်ရင် . .

"ဆာနေပြီးကွာ"


"အေးတူတူပဲ" စားမယ်အခု. ."


ပြောရင်းနဲ့ခေါက်ဆွဲကြော်ဇလုံကို ကြမ်းပြင်ပေါ်သို့ချ ပြီး အငမ်းမရ စားသောက်ကြလေသည် .


ဝဝတုတိတုတ် ကိုယ်တော် တစ်ပါးက ပလုတ်ပလောင်

စားရင်း တစ်စုံတစ်ခုမြင်လိုက်တာကြောင့် အစားများ

ပြန်အမ်းထွက်လာကာ . . .


းးဟေ့ယောင်တွေ ဟို ဟို. .မှာ. . 


လက်ည်ိုးကြီးထိုးပြီ.းး. .. .ကြောက်အလန့်တကြား

ပြောသံတွေကြားက. ..


နားမလည်စွာဖြင့် .ကျန်ကိုယ်တော်နှစ်ပါး.လဲ .နောက်သို့့လှည့်ကြည့်လိုက်လေသည်..။


"ဟင်ကတည်း ဖြစ်. .ကာ. .

ဆောင်တည်ရာမရဖြစ်ကြလေသည်. ."


အမှောင် ရိပ်. .တစ်ခုတွင်. .လူအရိပ်. .မတ်တတ်ရပ်.ကြည့်နေပြီး.. .မျက်လုံးများက. .ဒေါသစိတ်ဖုံးလွမ်းကာ. 

.ရဲနေစွာဖြင့်.. .သူ့တို့သုံးယောက်သားကို ကြည့်နေရင်း. .


"..သေ.ပေ..ေ☜တာ့.".ကြောက်မက်ဖွယ် အသံကြီးနဲ့. 

ကြိမ်းလုံးကြီးကိုင်ကာ ပြေးလာပြီး. .. 


ဖြုန်းခတည်း .. .ရိုက်ချလိုက်လေသည်. .


"အား. ေ..ကြာက်ပါပြီး."


သုံးယောက်သား..ငယ်သံပါအောင်. .

အော်ပြီး. ...

အပေါ်ထပိသို့တတ်ပြေးကြလေသည်. ....


အောက်ထပ်က ...ဆူညံသံတွေနဲ့အတူ. .

အိပ်မောကျနေတယ်. .ကျန်ကိုယ်လဲ လန့်နိုးလာကာ

အောက်ထက်သို့ပြေးလာသည်... 


ဘာ. ဖြစ်ကြတာလဲ. . . .. ဗန်းမော် ဆရာတော်အမေးကြောင့်


တရိူက့် ရိူက့် သုံးယောက်သား. . .ငိုယိုရင်း. .


"သ.ရဲ..သရဲ ဘုန်းကြီးသရဲ. ... ."

ရိုက်လိုက်တာ. . .တပည့်တော် တို့ကို"


"ဟေ"

ကြားလိုက်ရတဲ့ စကားကြောင့်. .. . 

ဗန်းမော်ဆရာတော် အံအားသင့်ဖြစ်နေရင်း .း

စိတ်ဝင်တစား ဖြင့် ထပ်မေးလိုက်လေသည်. .


"နေပါအုန်း ဘုန်းကြီးသရဲ ရိုက်ရအောင်

မင်းတို့ကဘာတေ်ွလုပ်ခဲ့တာလဲ အမှန်အတိုင်းဝန်ခံ. ."


ဗန်းမော် ဆရာတော်အမေးကြောင့်.

ကိုရင်တွေ. .တစ်ယောက်မျက်နှာတသ်ယောက်ကြည့်ရင်း


"ဒီ ဒီလိုပါဘုရား. .တပည့်တော်တို့သုံးပါး. 

.ဗိုက်အရမ်းဆာလို့့. .

မီးဖိုချောင်. သို့. .အစားခိုးစားနေချိန်. .


"အဆွယ်ကပြူးပြူး. .လင်းဗန်းအရွယ်မျပ်လုံးရဲရဲ . .ကြီး. နဲ့.ဘုန်းကြီးသရဲ က . .

ကြည့်နေရင်းက. .နေ.. .တပည့်တော်တို့သုံးပါဆီပြေးလာ

ကာ "သေပေတော့"ဟု. .ပြောရင်း

လက်ထဲက ကြိမ်းလုံးကြီးနဲ့ရိုက်ချလိုက်တာပါဘုရားး. .. . .

ပြောပြောဆိုဆိုနဲ့သောဘိတ အပေါ်ရုံ. သင်္ကန်ချွတ်ချလိုက်သည်. . .


ဝိုင်းဝန်ကြည့်နေတဲ့ . .

့အခြားကိုယ်တော်တွေလဲ . .အံ့အားသင့်..ဖြစ်နေကာ

နူတ်တိတ်နေကြလေသည်။

 .

တကယ်ပဲ. .သူတို့နောက်ကျောမှာ. ..ကြိမ်းလုံးအရာကြီး. ..


"အေး. .အဲ့ဒါ. ..မင်းတို့ကို. .

ဒဏ်ခတ်တာနေမှာ. ရဟန်းတို့. .ရဲ့ကျင့်ဝတ်ကို

မဆောက်ထိနိးလို့. ."


"တင်.ပါ. .ဘုရား

တပည့်တော်သုံးယောက်. .နောက်မဖြစ်စေရပါဘူး.

မစားလဲ . .မစားရဲတော့ပါဘုးဘုရား. .."

. .. .


"အေးကွယ်. ..နှောက်မဖြစ်စေရကြ. .နဲ့

ဒီတစ်ခါတော့. .ခွင့်လွတ်ပေးလိုက်မယ့်. ."


ကဲ.ကဲ. ..အားလုံးလဲ . .အိပ်စက်အနားယူကြပေတော့. .. .


ကစားဝ်ိုင်းပြီးတာနှဲ့အတူ

ကိုယ်နေရာနဲ့ပြန်လည်အိပ်စက်အနားယူကြလေသည်၊


ဗန်းမော်. ..ဆရာတော်လဲ .ဖြစ်ခဲ့တဲ့.ကိုယ်တော်သုံးပါးရဲ့့ဖြစ်စဉ်တွေ

စဉ်းးစားရင်း.အိပ်မပျော်ဖြစ်ခ်ဲ့လေသည်. ..


 တကယ်ပဲ...ဘုန်းကြီးသရဲ. .ရှိနေခဲ့တာလား. .

အတွေးတွေဖြင့်. .မနက်မိုးလင်းသွားလေသည်. .။


မနက်ရောက်တော့. . .

ဘုရားရှိခိုး. .မေတ္တာပို .့ပဌာန်းများရွက်. .ကာ.. အမျှဝေလေသည်. ..

.

မနေ့ည. .ဘုန်းကြီး တစ္ဆေ.နဲ့

ပတ်သတ်ပြီး

မည်သူဘယ်ဝါမှန်းသိရအောင်. .. .. .


လိုက်လံစုံစမ်းမိတဲ့အခါ. .


လွန်ခဲ့တဲ့. .၂နှစ်လောက်က..ဂျပန်.ကျောင်းထိုင်.ဘုန်းတော်ကြီး.

နာမကျန်းဖြစ်ကာ. . ပျံတော်မူသွားပြီး. . .မကျွတ်မလွတ်ပဲ.

ဤကျောင်းတိုက်ကြီးထဲမှာ. .. .ရှိနေခဲ့ဟု. .တစ်ချို့.ကပြောဆိုကြလေသည်။


တချို့ကိုယ်တော်တွေက. .အယုံအကြည်မရှိကြပါ.. .


အကြောင်း. . .အရာများ သိခဲ့ရ၍. .စိတ်မကောင်းစွာဖြင့်. .ဗန်းမော်ဆ.ရာတော်. ...ဂျပန်ဘုန်းကြီးအပေါ်

မေတ္တာဂရုဏာ. သက်ရောက်ခဲ့တာအမှန်. .. .


ဒီနေ့ မနက်မှပဲ. .

ဂျပန်ဆရာတော်ဘုန်းကြီးအတွက်. .ရည်စူးကာ. .

မိမိတတ်နိူင်သလောက်. .ငွေကြေးလေးဖြင့်

ဆုတောင်းပြည့်စေတီဘုရားသို့. . ..ရွှေသင်္ကန်းကပ်လှူခဲ့လေသည်. . ..ည နေစောင်းရောက်တော့. .


ဘုရားရှိခိုး. .. မေတ္တာပို့. .သ. .ရင်


"ယနေ့ယခု. .ပြုလုပ်ခဲ့တဲ့. .ဒါန.၊သီလ၊ ဘာဝနာ

ကုသိုလ်အဝဝတို့အား. .ဂျပန်ဆရာဘုန်းတော်ကြီး

(အရှင်. . . . . .)အား. ..ရည်စူး၍. .အမျှပေးဝေးပါ၏၊"


(ကုသိုလ် . .အမျှ အမျှ အမျှ .ယူတော်မူကြပါကုန်တော်


သာဓု. .သာဓု..သာဓု) 3

. . . . . . . . . . . . . .. . . . .. ... ................................


ဆရာတော် ဘုရား၊.ဆရာတော်ဘုရား


နားထဲ ခေါ်ဆိုသံကြောင့်. .

ဗန်းမော်ဆရာတော် . .နိုး လာကာ. .

ထထိုင်မိလေသည်၊. ..


အလင်းရောင်...တောက်ပစွာ

အမျိုးသားတစ်ဦး. .ရတနာ.လက်ဝတ်လက်စားများ

ဆင်မြန်းကာ. . .ရိုသေစွာ..လက်ခိုးချီးနေလေသည်၊


အံ့အားသင့်စွာဖြင့်. . .

အသင့်ဘယ်သုလဲ?


"တပည့်တော်. .အရင်အချိနိက. .ဒီကျောင်းကြီးရဲ့

ကျောင်းထိုင်ဆ.ရာတော်ဖြစ်ခဲ့ပါတယ်. .. ."


တပညိ့်တော်. .သေခါနီး. .. .ဆဲးဆဲး


." ငါ. .သေရင်. .ဒီကျောင်းကြီးကို

မစွန့်လွတ်နိူင်ဘူး. .ဒီကျောင်းဝန်းထဲမှ.ာ.နေချင်တယ်"ဟု


တတ်မက်မူ တဏှာရဲ့ဆွဲလန်းမူကြောင့်. .၊


တပည့်တော်မကျွတ်မလွတ်ပဲ. ဒီကျောင်းဝန်းကြီးမှာပဲတစ္ဆေ ကြီး

အဖြစ်. ရောက်.. .ရှိနေခဲ့ပါတယ်....ဘုရား. .


ဆရာတော်ရဲ့မေတ္တာစေတနာကြီးမားမူကြောင့်.သာဓုခေါ်ခွင့်ရကာ. ..ကောင်းရာသုကတိဘုံသို့

ရောက်ခဲ့ရပါပြီး. .ခုဆရာတော်ဘုရားအား. .

ရိုသေဦးညွှတ်. .ကန့်တော့ပါတယ်ဘုရား. . . . .


ဦးသုံးကြိမ်ချကာ. .ထို. အမျိုးသားပြောက်ကွယ်ခဲ့လေသည်. .


ဗန်းမော်ဆရာ. .တော်လဲ .အံ့အားသင့်..ဖြစ်နေရင်း. .


အိပ်မက်မဟုတ်ပဲ. .

လက်တွေ့ကျကျမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်

အရမ်း.. .ပီတိဖြစ်နေမ်ိတာအမှန်. .


မိမိရဲစေတနာမေတ္တာကြောင့်. .အခုလို .ကျွတ်လွတ်ကာ

ကောင်းရာဘုံသို့. .ကူးပြောင်းသွားတာ.အဖြစ်မျိုး

သူ့ဘဝတစ်သက်..ဒီခါပဲ.ကြုံဖူးခဲ့သည်မဟုတ်လား. .. .


. .........ဘာပဲလုပ်လုပ်.စေတနာထားပြီးလုပ်ပါ

အကျိုးမယုတ်ဘူး. ...ကိုယ်စေတနာက. .ချက်ခြင်းအကျိုး

မပေးရင်တောင်. .တစ်နေ့နေ တစ်ချိန်မှာ..အကျိုးပေးပါလိမ့်မယ.်... .

်." .. .စေတနာဆိုတာ. .ကံပဲ"

စေတနာကောင်းရင်...ကံကောင်းမယ်.. .. ..ဆိုတာ

ကိုယ်တော် ယုံကြည်တယ်. .

....................................................

ဖြစ် ပျက်ခဲ့တဲ့ အကြောင်း.အရာများကို .ဗန်းမော်ဆရာတော်

အခြားသူထံ. .ပြန်လည်ပြောကြားရင် ... .. . .


ဇာက်လမ်းအဖြစ်. .သို့ဖန်ဆင်းလိုက်ပါတယ်.

စာရေးသူ👉 အလင်းရောင်....

............................................

အရေးအသားအမှားပါခဲ့ရင်ခွင့်လွတ်ပေးဖို့မေတ္တာရပ်ခံပါတယ်🙏


စာဖက်ချစ်သူတွေကို. .လဲအရမ်းလဲ ကျေးဇူးတင်ရှိပါတယ်. .

#လေးစားစွာCreditပေးပါတယ်